Posts

Showing posts from 2025

Contents တွေကို အကျိုးရှိထိမိစေမယ့် META Insight Loop Framework (MIL)

Image
ဖတ်ရန်ကြာချိန် (၂၀ မိနစ်) Facebook Marketing ကို Data-Driven အနေနဲ့ အလွယ်တကူ စဉ်းစားလို့ရအောင် ဘယ်လို Framework လေးတွေ apply လုပ်သင့်လဲ လာလာမေးကြတဲ့ ကျွန် တော့် အသိမိတ်ဆွေ အချို့ အတွက်ပါ။ MIL Framework (Meta Insight Loop) လို့ ခေါ်ပါတယ်။ အသေးစိတ်ကိုလည်း Meta Blueprint Free Courses တွေ မှာ သွားရောက် လေ့လာနိုင်ပါတယ်။ Reference လုပ်ထားတဲ့ Link တွေကိုလည်း Article အဆုံးမှာ ထည့်ပေးထားပါတယ် ခင်ဗျာ။ အလွယ်တကူ နားလည်ပြီး အသုံးချမှု အခြေ နေကို အမြန်ဆုံးရောက်နိုင်အောင် ရည်ရွယ်ထားပါတယ်။  Stage 1 "Collect (Data Collection)" : Listening First Data နဲ့ ပတ်သက်လာရင် တော့ အရင်ဆုံး မိမိ business ရဲ့ targeted audiences (data မရှိသေးရင် တောင် desired Audiences ကို စတင်စမ်းသပ်) ကို အရင်ဆုံးလေ့လာဖို့ လိုအပ်ပါတယ်။ ဒီတော့ ဒီ relevant data တွေက ဘယ် တွေက နေ သွားပြီးယူလို့ရလဲ ? ဆိုတော့ Facebook Page ရဲ့ Insights တွေ၊ Ads Manager နဲ့ မိမိ လုပ်ငန်း Facebook Page နဲ့ ချိတ်ဆက်ထားတဲ့ Website, App အစရှိတဲ့ Events တွေက နေ track ယူလို့ ရတဲ့ Meta Pixel & Conversion APIs က နေ တဆင့်ရယူနိုင်ပါတယ်။ ဒါ့ပြင် နောက်ပ...

လိုတာမရ ရတာမလို နဲ့ Myanmar Labor Forces ပြဿနာများ (ဖတ်ရန်ကြာချိန် ၅ မိနစ်)

Image
 ဒီရက်ပိုင်း အတွင်း Recruitment Specialists တွေနဲ့ အလုပ်ရှာနေတဲ့ Candidates တွေ ကြားက အကြောင်းလေးတွေ ကြားဖန်/မြင်ဖန် များလာတော့ HR Subject ကို ကျွမ်းကျင်သူ ၁ ယောက် မဟုတ်ပေမယ့် စဉ်းစားမိတဲ့ အချက်လေး တွေကို ကိုယ့်ရဲ့ Learning Experiences လေးနဲ့ ချင့်ချိန်ပြီးတော့ ဝေမျှ ပေးချင်ပါတယ်။  မြန်မာပြည်မှာ လူရှာရခက်လာပြီ လို့ပြောပြောနေကြတာတွေ ရှိသလို ရှိတဲ့ Labor Forces က Skillful မဖြစ်ဘူးတို့၊ Organization ရဲ့ Culture နဲ့ ဖြစ်မှာ မဟုတ်ဘူးတို့ အစရှိတဲ့ အချက်တွေက ခုရေတွင်းတူး ခုရေကြည် သောက်ချင်တယ်ဆိုတဲ့ အချက်ထက်ကို ကျော်လွန်ပြီး ရေတွင်းက မတူးရသေးဘူး ရေက မကြည်ဘူးပဲ ဝေဖန် နေတဲ့ အနေထားလို့ပဲ မြင်ပါတယ်။  ဒါကြောင့်မို့ တကယ်တမ်းမှာ  Position or Role ၁ ခု အတွက် recruitment လုပ်ဖို့ လိုအပ်လာပြီဆိုရင် ခုနပြောတဲ့ အချက် တွေထက် Logical and Practical reason ကျဖို့အတွက် A Leader's Concept ၁ ခု ကို CEO တစ် ယောက်ရဲ့ Guideline လေးတွေက နေ  သင်ယူခဲ့ရတာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုယ်တိုင်ကလည်း သူ့ရဲ့ Employee ၁  ယောက်ဖြစ်ခဲ့ဖူးသလို Ownership point of view ကနေ Leader ၁ ယောက် အနေနဲ့ မတူည...

ဘယ် Marketing Funnel Model က ဒီနေ့ ခေတ်မှာ အလုပ်ဖြစ်နေသေးလဲ ?

Image
ဒီရက်ပိုင်းအတွင်း စာလေးတွေ နည်းနည်း ပြန်လုပ်ဖြစ်ဖို့ အချိန်ရတော့ Consumer Behaviors နဲ့ ပတ်သက်ပြီး study လုပ်ဖြစ်တာလေးတွေ ရှိလာပါတယ်။ အရင်ကလုပ်ခဲ့ဖူးတဲ့ Theories တွေကို Brand Marketing မှာကော Ecommerce Marketing မှာပါ Applied လုပ်ထားဖူးတဲ့ Experiences တွေနဲ့ ပြန်ချင့်ချိန်ကြည့်တဲ့အခါမှာတော့ ပိုပြီးတိုးတက်ဖို့အတွက် စဉ်းစားစရာလေးတွေ ရလာခဲ့ပါတယ်။ ဒါနဲ့ပဲ Customer Journey Mapping ရဲ့ Interesting Part တခု ဖြစ်တဲ့ Marketing Funnel က Stages တွေကို ပြန်ပြီး collective sharing လေး အောက်ပါအတိုင်း လုပ်ပေးဖြစ်ခဲ့ပါတယ်။  Marketing Funnel Theories တွေကို ပြန်ကြည့်ရင် အသုံးအများဆုံးနဲ့ simple အဖြစ်ဆုံး Theories လေး ၅ ခု အ ကြောင်းကို ပြောပြပါ့မယ်။ ဒါတွေ နဲ့ပတ်သက်ပြီး ဘာတွေ ကွာလဲ ? ဘယ်လို အကျိုးသက် ရောက်မှု မျိုးတွေ ရှိလဲ ? အားသာချက် အားနည်းချက် နဲ့ အခြားအသုံးဝင်မှု အပိုင်းလေးတွေကို ဝေမျှပေးပါ့မယ်။  AIDA [Awareness or Attention, Interest, Desire, Action]  20 ရာစု အစော ပိုင်းလောက်ကထဲ က Formal Marketing Funnel ၁ ခု အဖြစ်လူသိများကြပြီး Elmo Lewis ရဲ့ Origin လို့လူသိများကြပါတယ်။ Elmo Lewis က ...

လက်ရှိ အလုပ်မှာ မပျော်တော့ဘူးလား ?

Image
မိတ်ဆွေ "အလုပ်ကြောင့်တော့ သင် စိတ်မညစ်မခံပါနဲ့ ...သင့်ကြောင့်သာ အလုပ်ကလူတွေ စိတ်ညစ်ပါစေ။"  😝   နောက်တာပါ အတည် ရေးပါ့မယ်။  မိတ်ဆွေ "သင့်ကိုယ်သင် ဒီမေးခွန်း မေးဖူးပါသလား ? ကိုယ်လုပ်နေရတဲ့ အလုပ်မှာ တကယ်ပျော်ရဲ့လား?"  မလိမ်မညာတိုင်းဖြေကြည့်ပါဦး။ အဲလိုတွေ ဖြေတဲ့ အခါကျရင် ငွေကြေး အခက်အခဲ အရဖြစ် စေ၊ ယခုအ ခြေ နေ ထက်ပိုတိုးတက်လို၍ ဖြစ် စေ၊ အနာဂတ်ရည်ရွယ်ချက်တွေ ကြောင့်ပဲ ဖြစ်စေ ရည်ရွယ်ချက် တစ်ခု ကြောင့် ပျော်လည်းလုပ် မပျော်လည်းလုပ် နေရတဲ့ သူတွေကို ကျွန်တော် ကိုယ်တိုင် ဒုနဲ့ ဒေးနဲ့ တွေ့ကြုံခဲ့ရတာရယ်၊ ကျွန် တော် ကိုယ်တိုင်လည်း တစ် ယောက် အပါအဝင် ဖြစ် နေတာကြောင့် ကိုယ့်ကိုကိုယ် ဆန်းစစ်တဲ့ အ နေနဲ့ကော reflect လုပ်ရင်း နဲ့ ကော တိုက်ဆိုင်တဲ့ အ ခြေနေ ဖြစ်တဲ့ သူ အချို့ကို သုံးသပ်နိုင်ဖို့ ဒီ Article လေး နောက် ဆုံး တော့ ရေး ဖြစ်သွားခဲ့ပါတယ်။  "ဒီရက်ပိုင်း ကျွန် တော့်ကို လာတိုင် ပင်ကြတဲ့ ညီငယ်/ညီမငယ်တို့ က အခု အလုပ်မှာမပျော်ဘူး .. အလုပ်သစ်ရှာချင်တယ်၊ ဒါပေမယ့်လည်း ဒီ မှာ တော့ ခဏ မှေးလုပ်လိုက်ပါဦးမယ် အစရှိတဲ့ ထွက်တော့ ထွက်ချင်တယ် .. ဒါပေမယ့် ထွက်လည်း မထွက်ချင်သေးဘူး" ဆိုတဲ့ သူမျ...

90% Emotion, 10% Logic : The Hidden Brain Functions

Image
  အိမ်က စာအုပ်တွေရှင်းနေတုန်း Brainfluence by Roger Dooley စာအုပ်လေး တွေ့တော့ ပြန်ဖတ်မိရင်း Neuromarketing အကြောင်းလေး နည်းနည်းပြန်စဉ်းစားမိသွားတယ်။ ဒါနဲ့ပဲ ဒီ Blog content လေး ရေးဖြစ်သွားတယ်ဆိုပါတော့။  “တခါတလေ Shopping သွားတဲ့အခါ ကို့ယ်အတွက် အရေးကြီး (သို့) တကယ်လိုအပ်တာလည်း မဟုတ်ဘဲနဲ့ ဝယ်မိဖူးလား ?”  “အဲလို ဝယ်ပြီးတဲ့အခါကျ ငါဒါကို ဘာလို့ ဝယ်မိတာလဲ သေချာ ပြန်စဉ်းစားဖူးလား ?” ဟုတ်ပါတယ် .. ဒါမျိုး ဖြစ်လေ့ ဖြစ်ထရှိတာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး 😅 ဒါက သင့် ဦးနှောက်ရဲ့ ရှုပ်ထွေးတဲ့ အလုပ်လုပ်ပုံတွေကြောင့်ပါ။ ဒီတိုင်းပြောရင် နည်းနည်း ရှုပ်ထွေးတယ်ပြောလို့ရပါတယ် 🧠 ဒါပေမယ့် ဒီစာထဲက key notes လေးတွေကို သေချာ learn လုပ်မိတဲ့အခါမှာ ဪ ဒါက ဒီလိုလား ဆိုပြီးတောင် ဖြစ်သွားတာကို တွေ့ရမှာပါ 😁 လူ ၁၀၀ မှာ 90% သော သူတွေက Emotional Thinking လို့ ခေါ်တဲ့ ခံစားမှု စိတ်စေရာ နောက်ကိုသာလိုက်ပြီး ဆုံးဖြတ်ချက်တွေ ချလေ့ ရှိကြတာဖြစ်ပြီး 10% လောက်ကသာ Rational Thinking လို့ ခေါ်တဲ့ ယုတ္တိဆန်တဲ့ ချင့်ချိန်သုံးသပ်နိုင်စွမ်းတွေကို လုပ်လေ့ရှိကြတယ်လို့ Neuroscience and Marketing Research တွေမှာ ဖော်ပြထားပါတယ်။...

Professional Marketer ၁ ယောက် အတွက် မရှိမဖြစ် လိုအပ်ချက်များ

Image
အရင်ဆုံး စကားချပ် အနေနဲ့ Strategy frameworks တွေ Theories တွေက ဒီ ပင်မ ကျောရိုးပေါ်မှာ ရှိတယ်ဆိုပေမယ့် ဒီ Frameworks တွေ ဘယ် လောက်တူတူ မတူညီတဲ့ Organization Culuture တွေ မတူညီတဲ့ Industries တွေ ကို ရောက်တဲ့အခါမှာ လုပ်ငန်း အ တွေ့အကြုံ ဘယ် လောက် ရှိရှိ အခက်အခဲမျိုးစုံကို ကြုံတွေ့နိုင်ပါသေးတယ်။ ဒီအတွက် ကြောင့် ကျွန် တော်က Marketing Professional လုပ် နေတဲ့ ညီအကို မောင်နှမ တွေ အတွက် Learning Curve ကို Shorten လုပ် ပေးတယ် ပြောပြော Marketing Hack or Tips လို့ ပဲ ပြောပြော အလုပ်လုပ်ရတဲ့အခါမှာ Marketer ၁ ယောက် အ နေနဲ့ ကော Startups တွေ လုပ်ခဲ့ဖူးတဲ့ Business Founder ၁ ယောက် အ နေနဲ့ လိုအပ်တဲ့ လိုအပ်ချက် လေးတွေကို Sharing လေးတွေ လုပ် ပေးချင်ပါတယ်။  ဒါကြောင်မို့ မိမိရဲ့ Vertical Skill Set ကို Expand လုပ်ဖို့ဆိုရင် ကြော်ငြာလေး ၁ ခု ဖန်တီးပြီးတော့ Boosting လေးတွေ လုပ် နေရုံနဲ့ တော့ မပြီးဘူးနော်။ ဒီတော့ ကိုယ့်ရဲ့ Professional Skill Set တွေကို အဆင့်မြှင့်ဖို့ လိုနေပါပြီ။ ဘာတွေ လိုအပ်လဲဆိုတော့  ၁။ ကုမ္ပဏီယဉ်ကျေးမှု (Organizational Culture) ကိုယ့်ကုမ္ပဏီရဲ့ ရည်မှန်းချက်၊ တန်ဖိုးထားမှုတွေနဲ့ ကိုယ့...

Strategy Pyramid အကြောင်းသိကောင်းစရာ

Image
🎯 Strategy Pyramid ဆိုတာ ဘာလဲ? အလုပ်လုပ်တဲ့အခါ မည်သည့်အဖွဲ့အစည်းမှာမဆို – သူတို့ရဲ့ ရည်ရွယ်ချက် (Purpose) မှစပြီး၊ ကြံစည်ချက် (Strategy) ၊ နောက်ဆုံးတော့ အကောင်အထည်ဖော်မှု (Execution) အထိ တစ်လုံးတည်းအဖြစ် လုပ်ဆောင်ဖို့လိုပါတယ်။ ဒီပုံကတော့ နိုင်ငံရေးသိပ္ပံပညာရှင် Wendy McGuiness ရေးသားခဲ့တဲ့ Strategy Pyramid ဖြစ်ပြီး၊ တကယ်လို့ strategy တစ်ခုကို  တိကျတဲ့ Execution တွေ ပြုလုပ်ချင်ရင် ဘယ်လိုအဆင့်အတိုင်းသွားသင့်လဲဆိုတာ ဖော်ပြထားတာပါ။ 🔝 Purpose – ရည်ရွယ်ချက်အဆင့် ☝ Mission – ဘာအတွက် ရှိနေကြတာလဲ? ဥပမာ – “စားသုံးသူတွေ အတွက် နေ့စဉ် ခက်ခဲ နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့လား ? ဒါမှမဟုတ် သူတို့ ဘ၀ တွေကို ဒီထက် ပိုပြီး မြှင့်တင်ပေးနိုင်ဖို့လား ? အစရှိတဲ့ လုပ်ဆောင် ပေးမယ့် အချက်တွေ ပါဝင်ပါတယ်။” ☝ Values – ဘာတွေက ကျွန်တော်တို့အတွက် အရေးကြီးလဲ? ဥပမာ –  Empathy စာနာနားလည် ပေးမှု၊ Responsibility တာဝန်ခံမှု၊ Customer Focus စားသုံးသူတွေ အတွက် အဓိက အစရှိသလို core values တွေပါ။ ☝ Vision – မျှော်မှန်းချက်ဘာလဲ? မျှော်မှန်းတဲ့အနာဂတ်ပုံရိပ်ကို ရှင်းရှင်းလင်းလင်းရေးဖို့လိုတယ်။ ဥပမာ – "၂၀၃၀ မှာ မြန်...

Traditional Marketer Vs Full-Stack AI Marketer !

Image
AI တတ်တဲ့ Full-Stack Marketer တစ်ဦးဟာသင့်အဖွဲ့အစည်းအတွက် ဘာလို့ အရေးကြီးလာတာလဲ? ယနေ့ Digital Marketing အခန်းကဏ္ဍမှာ ပြောင်းလဲမှုကြီးတွေဖြစ်နေပါတယ်။ AI tools တွေနဲ့ Martech ပိုင်းတွေတိုးတက်လာတာကြောင့် အလုပ်ရှင်အနေနဲ့ သတိထားဖို့အရေးကြီးတာတစ်ခုကတော့ Traditional Marketers တွေ ထက် AI အသုံးပြုပြီး Strategy, Creation, Data, Ops အားလုံးကောင်းစွာထိန်းချုပ်နိုင်တဲ့ Full-Stack AI Marketer တစ်ဦးရဖို့လိုနေပြီဆိုတာပါပဲ။ Highly Productive ဖြစ်တဲ့ Marketer တစ်ဦး ရဲ့ နောက်ကွယ်မှာ AI တွေ ရှိနေတယ် ☝  Traditional marketer တော်တော်များများက Campaign တစ်ခု run ဖို့ ၇-၁၀ ရက်ကြာလောက်ပြင်ဆင်ရတယ်။ Report Data တော်တော် များများကို မနက်တိုင်း Excel မှာထုတ် ပြန် clean လုပ် Presentation တွေပြင်ကြတယ်။ Visual တွေကို ပြင်ဖို့ လည်း Graphic Designer ကိုစောင့်ရ၊ လိုအပ်တဲ့ အတိုင်း မရလာ တွေကိုလည်း ပြန်ပြင်ရသလို  Content အတွက် Copy တွေ ကို လည်း အချိန်ပေး အာရုံစိုက်ဖို့လိုအပ်ပြန်ပါသေးတယ်။  🤖   ဒါပေမယ့်    Full-Stack AI Marketer တစ်ဦးကတော့ ➡️ AI Tools (e.g. ChatGPT, Canva Magic, Google Ads A...

Fletch's Theory အရ ပြီးပြည့်စုံတဲ့ Brand Strategy ၁ ခု ဘယ်လိုရေးမလဲ ?

Image
Brand Strategy ၁ ခု ကို ရေးတော့မယ်ဆိုရင် Business Owner တိုင်း Marketer တိုင်းပြောလေ့ရှိကြတာက Brand ၁ ခုကို ဘယ်လို Build လုပ်ရင်ကောင်းမလဲဆိုတဲ့ How အချက်အလက် တွေသာပါတဲ့ Generic thinking ကနေ အများစုတွေးတောလေ့ ရှိကြတာများပါတယ်။ Theoritical Concept အရ ဘယ်လို နည်းလမ်းတွေက ပိုပြီးတော့ Learning Curve ကို လျှော့ချနိုင်ပြီး ပိုမိုထိရောက်လည်းဆိုတာလေးကို စည်းစနစ်ကျကျ ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ ဒီတော့ လုပ်ငန်းအများစုအတွက်အကျိုးရှိမယ်လို့ ယူဆရတဲ့ Fletch Theory ရဲ့ Brand Strategy Theory Framework လေး ၁ ခုကို အတူတူလေ့လာကြည့်ရအောင်။  Brand Strategy ၁ ခု ဖြစ်ဖို့ဆိုရင် Key Components အနေနဲ့က Business Strategy, Positioning Strategy နဲ့ Brand Identity Strategy ကို အသေးစိတ် ပြင်ဆင်ဖို့လိုပါတယ်။ ဒါကို ကျွန်တော်လုပ်ခဲ့ဖူးတဲ့ Business လေး ၁ ခုနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုလေး workout လုပ်လို့ ရတယ်ဆိုတာလေးကို sharing လေး လုပ်ပေးချင်ပါတယ်။  1. Business Strategy (လုပ်ငန်းမဟာဗျူဟာ) Business Strategy ဆိုတာ ကုမ္ပဏီတစ်ခု ဘယ်လိုရပ်တည်မယ်၊ ဘယ်လိုဝင်ငွေရမယ်၊ ဘယ်လိုဈေးကွက်ထဲ ဝင်မယ်ဆိုတဲ့ အခြေခံအစီအစ...

အမှန်တကယ် အသုံးဝင်မယ့် Marketing Roadmap ၁ ခု ဘယ်လို ဆွဲကြမလဲ ?

Image
Business တိုင်းအတွက် Marketing Roadmap ၁ ခုကို စဉ်းစားကြတဲ့ အခါမှာ Macro-view က နေ Micro-view ကို ထည့်သွင်းစဉ်းစားဖို့လိုပေမယ့် တွေ့ခဲ့ဖူးတဲ့ Marketer အများစုက သူတို့ ရဲ့ အားသန်တဲ့အချက်က HOW တွေကိုသာ ပြောလေ့ ရှိကြတာကို ကြုံတွေ့ဖူးပါတယ်။ ဥပမာ ဘယ် Channel မှာ ဘယ်လို Content လေး ဖန်တီးလိုက်တာ Viral ဖြစ်သွားတယ် ဘာညာပေါ့။ ဟုတ်ပါတယ် ဒါက အသုံးမဝင်ဘူးလို့ မ ပြောချင်ပါဘူး။ ဒါပေမယ့် မိမိ ဖန်တီးသော Marketing အနုပညာသည် ပေါ်ပင် အတွက် ရေတို ရလဒ်ကိုပဲမျှော်မှန်းတာလား ? ရေရှည်အတွက် long-lasting ဖြစ်တဲ့ Brand ၁ ခု အနေနဲ့ ရပ်တည်ဖို့လားဆိုတာကို Marketer ၁ ယောက် အနေနဲ့  ကြိုတင်စဉ်းစားထားသင့်တဲ့ အချက် ၁ ခု ဖြစ် ကြောင်း အကြံပေးချင်ပါတယ်။ ဒီတော့ Macro-view လို့ လူသိများတဲ့ PESTLE conditions analysis တွေကနေ စလို့  Micro-view ရဲ့ Delivery ပိုင်းအထ်ိ ဘယ်လို Content and Approaches တွေ ဖန်တီးမလဲ အဆုံးကို  အသေးစိတ် စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက် အကြမ်းဖျင်းဒီလို 3 Steps Roadmap လေး ၁ ခု ဖန်တီးထားဖို့ လိုအပ်ပါတယ်။  👍 Markeing Strategy (Clarity & Direction Foundation)  Marketing Strategy ဆ...

📣 စကားပြောသော Data များ [Data Dashboard to Storytelling Improvement]

Image
ယနေ့ခေတ်မှာ မိမိလုပ်ငန်းနဲ့ ပတ်သက်တဲ့ Consumers တွေ ရဲ့ အချက်အလက် တွေကို ဘယ်လို စုဆောင်းရမှန်း မသိလို့ အခက်ကြုံနေတဲ့ သူတွေ၊ ဒီ အချက်အလက် တွေ လက်ဝယ် ရှိရင် တောင်မှ Data-Driven Actions ဘဝကို ဘယ်လို ပြောင်းလဲ ရမလဲ ခက်ခဲနေကြသူတွေ ကို တော်တော်များများ တွေ့မြင်လာရပါတယ်။  ဒီတော့ မိမိ မှာ မရှိလို့ပဲ ဖြစ်ဖြစ်၊ ရှိလာလို့ ဘယ်လို အသုံးချရင် ကောင်းမလဲဆိုပြီး စဉ်းစားနေသူတွေ အတွက် ဒီ sharing လေးက အသုံးဝင်မယ် ထင်ပါတယ်။ ခေတ်စကားနဲ့ဆိုရင် တော့ Data Dashboard to Data Storoytelling အတွက် Sharing လေး ၁ ခု ပေါ့ ! 📈 Data Dashboard ဆို တာ ဘာလဲ ?  Data Dashboard ဆိုတာ Business ၁ ခု ကို ကောင်းမွန်စွာ လည်ပတ်နိုင်အောင်လို့ အကျိုးရှိစေမယ့် တိုင်းတာချက်တွေကို တစုတစည်းထဲ ဖော်ပြ ပေးတဲ့အရာလို့ မှတ်ယူထားလို့ရပါတယ်။  ဥပမာ ကားမောင်းသလိုပေါ့ .. ကားဆရာအတွက် ကားတစီး လိုရာခရီးကို ကောင်းမွန်စွာ မောင်းနှင်နိုင်မယ့် အချက်လက်တွေကို သိရှိဖို့ အမြန်နှုန်း၊ ဆီ၊  ရေ၊  လေ၊ ဝိုင် အစရှိတဲ့ အချက်တွေကို တနေရာထဲကနေ စုစည်းပြီးတော့ ကြည့်ရှူနိုင်သလိုမျိုးပေါ့ ။  ဒီတော့ Dashboard နဲ့ ပတ်သက်ပြီး Business တိုင်း လွ...