📣 စကားပြောသော Data များ [Data Dashboard to Storytelling Improvement]
ယနေ့ခေတ်မှာ မိမိလုပ်ငန်းနဲ့ ပတ်သက်တဲ့ Consumers တွေ ရဲ့ အချက်အလက် တွေကို ဘယ်လို စုဆောင်းရမှန်း မသိလို့ အခက်ကြုံနေတဲ့ သူတွေ၊ ဒီ အချက်အလက် တွေ လက်ဝယ် ရှိရင် တောင်မှ Data-Driven Actions ဘဝကို ဘယ်လို ပြောင်းလဲ ရမလဲ ခက်ခဲနေကြသူတွေ ကို တော်တော်များများ တွေ့မြင်လာရပါတယ်။
ဒီတော့ မိမိ မှာ မရှိလို့ပဲ ဖြစ်ဖြစ်၊ ရှိလာလို့ ဘယ်လို အသုံးချရင် ကောင်းမလဲဆိုပြီး စဉ်းစားနေသူတွေ အတွက် ဒီ sharing လေးက အသုံးဝင်မယ် ထင်ပါတယ်။ ခေတ်စကားနဲ့ဆိုရင် တော့ Data Dashboard to Data Storoytelling အတွက် Sharing လေး ၁ ခု ပေါ့ !
📈 Data Dashboard ဆို တာ ဘာလဲ ?
Data Dashboard ဆိုတာ Business ၁ ခု ကို ကောင်းမွန်စွာ လည်ပတ်နိုင်အောင်လို့ အကျိုးရှိစေမယ့် တိုင်းတာချက်တွေကို တစုတစည်းထဲ ဖော်ပြ ပေးတဲ့အရာလို့ မှတ်ယူထားလို့ရပါတယ်။ ဥပမာ ကားမောင်းသလိုပေါ့ .. ကားဆရာအတွက် ကားတစီး လိုရာခရီးကို ကောင်းမွန်စွာ မောင်းနှင်နိုင်မယ့် အချက်လက်တွေကို သိရှိဖို့ အမြန်နှုန်း၊ ဆီ၊ ရေ၊ လေ၊ ဝိုင် အစရှိတဲ့ အချက်တွေကို တနေရာထဲကနေ စုစည်းပြီးတော့ ကြည့်ရှူနိုင်သလိုမျိုးပေါ့ ။
ဒီတော့ Dashboard နဲ့ ပတ်သက်ပြီး Business တိုင်း လွယ်ကူစွာ နားလည်နိင်မယ့် Marketing အပိုင်း ရဲ့ ဥပမာလေးတွေကိုပဲအရင် ဆန်းစစ်ကြည့်ကြတာပေါ့။
📈 Marketing Dashboard ဆိုတာဘာလဲ ?
Marketing Dashboard ဆိုတာ Marketing performances metrics တွေကို အကျိုးသက် ရောက်မှု ဘယ် လောက် ရှိလဲဆိုတာကို ဆန်းစစ်နိုင် အောင် တစုတစည်းထဲ အချက်အလက် တွေကို ဖော်ပြထားတဲ့ အရာပါပဲ။
📌 Executive Dashboard : Revenue, ROI, spend vs. sales, ROAS (Return on Ad Spend) အစရှိတဲ့ Business Values တွေကို ဖော်ပြ ပေးနိုင်တဲ့ Dashboard မျိုး။
📌 Customer Journey Dashboard : AIDA (Attention, Interest, Desire to Action) stages တွေ အလိုက် တိုင်းတာနိုင်တဲ့ Funnel Analysis Dashboard မျိုး။
📌 Campaign Dashboard by Channels : Campaign ၁ ခု ရဲ့ ထိရောက်မှုကို ဖော်ပြ ပေးနိုင်တဲ့ CPM, CTR, CPC, leads, conversion rate အစရှိတဲ့ Performance Metrics တွေကို ဖော်ပြ ပေးနိုတဲ့ Dashboard မျိုး။
📌 Social Media Dashboard : Reach, engagement, follower growth, influencer performance အစရှိတဲ့ Viral and Reputaton Social Values တွေကို ဖော်ပြ ပေးနိုင်တဲ့ Dashboard မျိုး။
📌 Ecommerce Dashboard : ယ နေ့ ခေတ်ရဲ့ Online ဝယ်ယူမှုမှာ အ ရေးကြီးတဲ့ Shoppers to Buyers stage တွေ ကို track လုပ်နိင်တဲ့ Traffic sources, sales by SKU, cart abandonment, repeat purchase rate အစရှိတဲ့ Performance metrics တွေကို ဖော်ပြ ပေးနိုင်တဲ့ Dashboard မျိုး။
အစရှိတဲ့ Dashboard ပေါင်း သောင်းခြောက်ထောင် လောက်ကို အသုံးပြုမယ့် Decision Makers or Readers Level တွေ အလိုက် ခွဲခြမ်း စိတ်ဖြာပြီး ပို အကျိုးရှိအောင် ဖန်တီးနိင်ပါတယ်။
🛠 ဒီ Dashboard တွေကို ဘယ်လို ဖန်တီးကြမလဲ ?
Excel ကျွမ်းကျင်သူတွေအနေနဲ့ Pivot Table ကစလို့ Professional Tools တွေ ဖြစ်တဲ့ Power BI, Amazon Quicksight, Tableau, Google Looker Studio အဆုံး လိုအပ်သလို ကျွမ်းကျင်မှု အပေါ်မူတည်ပြီး ဖန်တီးလို့ ရတဲ့ Data Analysis and Dashboard Tools တွေ အများကြီးရှိပါတယ်။
ဒီ Tools တွေ မကျွမ်းကျင်သေးရင်လည်း မပူပါနဲ့ Canva နဲ့ Google Sheet လောက် နားလည်ရင် One-Time Dashboard ဖန်တီးလို့ရနိုင်ပါသေးတယ်။ ဒါပေမယ့် Long-term sustainability နဲ့ Data Consistency အချက်တွေ ကိုတော့ အလွန်မင် အားနည်းသွားနိုင်တာကြောင့် အမြဲတမ်း ပြင်ဆင်ဖို့ အချိန် အရမ်းပေးနေရပါလိမ့်မယ်။
👀 Dashboard တွေ ဖန်တီးနိုင်ရုံနဲ့ လုံလောက်ပြီလား ?
No လို့ ပြောလို့ ရပါတယ်။ ဒီ Data အချက်အလက် တွေကို ဖော်ပြရုံလောက်နဲ့ What Happened လို့ခေါ်တဲ့ ဖြစ်ပျက် နေတဲ့ အရာ တွေ လောက်ကိုသာ နားလည်ပြီး Why Happened လို့ ခေါ်တဲ့ Data က နေ ပေးတဲ့ Wisdom (Actionable Advises) အဆင့်တွေကို မ ရောက် နိုင်သေးပါဘူး။ဒါကြောင့် Data Dashboard က ပေးတဲ့ What Happened Stage အပြင်ကိုမှ Why Happened Stage ကို ရောက်လာဖို့အတွက် Data Storytelling အခြေနေ တွေကို ဖန်တီးဖို့လည်း လိုအပ်ပါတယ်။
🧠 Data Storytelling ဆိုတာဘာလဲ?
Data Storytelling ဆိုတာက တကယ်တမ်းတော့ Raw Stage ရဲ့ အချက်အလက်တွေက နေ Actionable Advises လို့ ခေါ်တဲ့ Insight stage ကို ရောက်လာဖို့ အတွက် ဖတ်ရှူသူတွေကို အချိန်တို အတွင်း နားလည် အောင် Articulate လုပ် ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဥပမာ –
Raw Data အနေနဲ့ ဆိုရင် ❌ “Website bounce rate က 70% ပါ” ဆိုတာ data တစ်ခုပါ။
ဒါပေမယ့် Data Storytelling မှာ ✅ “Visitors အများစုက product detail page မှာ 10 seconds ခန့်ကြည့်ပြီးထွက်ကြပါတယ်။ ထိုကဲ့သို့ page speed မကောင်းတာနဲ့ UX မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်” ဆိုတာမျိုး relevant data combination နဲ့ possible scenario assumption ကို ပေါင်းစပ် ဖန်တီး နိုင်တဲ့ ဘာသာရပ် ၁ ခု ပဲ ဖြစ်ပါတယ်။
တကယ်တမ်းတော့ “Not just what the data says, but what it means — and how it impacts the business.” ဆိုတာကို ပြောပေးနိုင်တာမျိုး ကို ဆိုလိုပါတယ်။
🧵 ဘာကြောင့် ဒီ Data Dashboard & Storytelling က ၂ ခု လုံးပေါင်းစပ် အသုံးချနိုင်ဖို့ အရေးပါတာလဲ ?
📌 Business Decision တွေကို Informed Decision အဖြစ် ပြောင်းလဲနိုင်ဖို့ အတွက်
📌 ဘယ်အရာတွေက အလုပ်ဖြစ် နေပြီး ဘယ် အရာတွေက အလုပ်ဖြစ်မ နေလဲ ကို သိရှိနားလည်ဖို့အတွက်
📌 Scale လုပ်သင့်တဲ့ Actions တွေကို ပို invest လုပ်နိုင်ပြီး Stop လုပ်သင့်တဲ့ Actions တွေကို ချက်ချင်း ရပ်တန့်နိုင်ဖို့အတွက် အစရှိတဲ့ အရေးကြီးတဲ့ Decisions and Actions တွေကို ပြုလုပ်နိုင်ဖို့အတွက် ဒီ Data Dashboard and Storytelling Skills ၂ ခုလုံး က အရေးကြီးပါတယ်။
🔚 Conclusion and Key Takeaways
Data Dashboard to Data Storytelling အတွက် အ ရေးကြီးဆုံး Stages တွေက Data Collection -> Dashboard Building -> Storytelling ဖြစ်ဖို့ အဆင့်ဆင့်လိုအပ်ပါတယ်။ Sometimes Data Collection Process မှာကထဲ က မှားယွင်းတဲ့ Methods တွေသာ ဖြစ်ခဲ့ရင် "Garbage IN / Garbage OUT" လို့သာ ပြောဖို့ အထိ ဖြစ်သွားနိင်တာမို့ အထူး ဂရုပြုသင့်တဲ့ အချက် တွေလို့ ပြောလို့ ရပါတယ်။ ဒီ တခေါက်ကေတာ့ ကောင်းတဲ့အချက် လေးတွေပဲ ရှာဖွေ အကြံပေးထားတာမို့ နောင်ကျရင် Negative impact နဲ့ Cons အချက်လေးတွေကိုလည်း ထည့်သွင်း ရေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။
📣 Special Hint အနေနဲ့က တော့ တစ်ခါတလေ dashboard တစ်ခုက CEO ရဲ့ မေးခွန်း ၅ခုကို တစ်ခုပဲဖြေဖို့လည်းလုံလောက်တတ်ပါတယ်။ 😉
မိတ်ဆွေတို့လည်း မိမိ လုပ်ငန်းမှာ Dashboard တွေကို ဖန်တီး အသုံးပြုနေကြပြီလား ? ဘယ် Tool တွေ ကို အသုံးပြု ပြီး ဘယ်လို အကျိုးသက် ရောက်မှုတွေကို ရရှိနေပြီလဲဆိုတာ အချင်းချင်း ဝေမျှရ အောင် Comment မှာဝင်ပြောကြပါဦးနော်။
Comments
Post a Comment