SORA : Text-to-Video


 ChatGPT ရဲ့ SORA က New Game Changing Experience of 

Automated AI Video Generator အနေနဲ့ Cutting Edge Feature ၁ ခု ဖြစ်လာနိုင်လား ? 


နည်းပညာခေတ်ကြီးထဲမှာ Experiential Marketing အခန်းကဏ္ဍ ၁ ခု ဖြစ်တဲ့ Video Content တွေကလည်း မပါ မဖြစ်ပါပဲ။ ဒီလို အရေးပါတဲ့ Video Contents တွေကို လွယ်လွယ်ကူကူ ဘယ်လိုဖန်တီးမလဲ ?

ဒါကတော့ ChatGPT ကနေ Dec 9, 2024 က "12 Days of OpenAI" Event Series မှာ Launch လုပ်လိုက်တဲ့ Text-to-Video အဖြစ် ပြောင်းလဲပေးနိုင်တဲ့ SORA ပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ United States (Initial Launch Region), Cananda, EU Countries တော်တော်များများနဲ့ Australia Regions တွေကတော့ အသုံးပြုလို့ ရ နေပါပြီ။ Myanmar အတွက် ကတော့ Paid VPN အနေထားတခုမှာ အသုံးပြုလို့ ရနိုင်ပါတယ်။ SORA recently created Account အသစ်တွေကတော့ Video တန်း create လုပ်လို့ မရေသးပါဘူး။ တခြား AI Video generating feature တွေကကော အလုပ်မဖြစ်ဘူးလားလို့ မေးရင် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် SORA က :

1| Text-to-Video Capability with a Simple Input အနေနဲ့ Realistic & High Outputs ဖြစ်တာကြောင့် အချိန်တိုအတွင်းမှာပဲ High Resolutoin Video ကော Image တွေပါ Simple Text Input (Prompts) တွေကနေ အနီးစပ်ဆုံး generate လုပ်ပေးနိင်ပါတယ်။

2| Dynamic & Cinematic Styles အနေနဲ့ Cinematic camera movements, lighting effects, and unique styles အစရှိတဲ့ အချက်တွေကို User က animations, live-action simulations, and abstract art အစရှိတဲ့ Styles အားလုံးကို Simple Text Input ၁ ခု ထဲနဲ့ ဖန်တီးပေးနိုင်ပါတယ်။

3| Speed and Ease of Use အနေနဲ့ကြည့်ရင်လည်း High Quality production output တွေကို Video (60 seconds) ကော Image ကော ကို Seconds ပိုင်းကနေ minutes အနည်းငယ် (Up to 1 mins) အတွင်း translate လုပ် ပေးနိုင်တာရယ်၊ ChatGPT ရဲ့ User Interface လို တပုံစံထဲမို့ သုံးရလွယ်ကူစေပါတယ်။

4| Creative Freedom with Multiple Styles အနေဖြင့် film noir, retro, anime, and even papercraft အစရှိတဲ့ styles တွေကို ဖန်တီးနိုင်သလို customize styles တွေကိုလည်း complex prompt တွေကန အသေးစိတ် ဖန်တီးနိုင်ပါသေးတယ်။

5| ဒါတွေပဲလားဆိုတော့ Video Professionals တွေ အတွက်လည်း Pro Features တွေ အနေဖြင့် ChatGPT  Professionals Account ကို အသုံးပြုရုံနဲ့ တပြိုင်ထဲမှာပဲ multi-video generation (up to 5 concurrent creations) အထိ generate လုပ်နိုင်ပြီးတော့ team နဲ့ အတူတကွ real-time changes တွေကိုလည်း manage လို့ရနိုင်ပါတယ်။

6| ဒါ့ပြင် AI Tools တွေထဲမှာ Significant အဖြစ်ဆုံးလို့ပြောလို့ ရတဲ့ C2PA metadata (Content Authenticity Initiative) က CopyRight Contents တွေကို Verify လုပ် ပေးပြီး ရှောင် ဖယ် အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ Ethical AI and Transparency Feature ကိုလည်း ထည့်သွင်း အသုံးပြုထားတာကြောင့် Transparency အပိုင်းမှာလည်း အားသာချက် ၁ ခု လို့ ပြောလို့ရပါတယ်။

ဒါကြောင့်မို့ SME Brands များ၊ Creator များနှင့် Startups များအတွက် အချိန်တို၊ အသုံးစရိတ်နည်း၊ တိကျတဲ့ Brand-story telling Creative Video များ ဖန်တီးခြင်း တို့ကို အချိန်တိုတိုနဲ့ တကယ်အသက်ဝင်မယိ့ ideas တွေကို ဖန်တီးချင်သူတွေအတွက် တကယ်မလွတ်သင့်တဲ့ one of the AI tool ၁ ခု ဖြစ်နိုင်တယ်လို့ အကြံပေးဝေမျှလိုက်ပါရစေ။

SORA Introduction : https://lnkd.in/gnKzNJ2B

hashtaghashtaghashtaghashtaghashtag

Comments

Popular posts from this blog

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၁)

📣 စကားပြောသော Data များ [Data Dashboard to Storytelling Improvement]

Digital Marketing Plan တစ်ခုဆွဲ ဖို့ ဘာတွေလိုမလဲ ? [ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၃)]