Strategy Pyramid အကြောင်းသိကောင်းစရာ

🎯 Strategy Pyramid ဆိုတာ ဘာလဲ?

အလုပ်လုပ်တဲ့အခါ မည်သည့်အဖွဲ့အစည်းမှာမဆို – သူတို့ရဲ့ ရည်ရွယ်ချက် (Purpose) မှစပြီး၊ ကြံစည်ချက် (Strategy)၊ နောက်ဆုံးတော့ အကောင်အထည်ဖော်မှု (Execution) အထိ တစ်လုံးတည်းအဖြစ် လုပ်ဆောင်ဖို့လိုပါတယ်။ ဒီပုံကတော့ နိုင်ငံရေးသိပ္ပံပညာရှင် Wendy McGuiness ရေးသားခဲ့တဲ့ Strategy Pyramid ဖြစ်ပြီး၊ တကယ်လို့ strategy တစ်ခုကို တိကျတဲ့ Execution တွေ ပြုလုပ်ချင်ရင် ဘယ်လိုအဆင့်အတိုင်းသွားသင့်လဲဆိုတာ ဖော်ပြထားတာပါ။

🔝 Purpose – ရည်ရွယ်ချက်အဆင့်

☝ Mission – ဘာအတွက် ရှိနေကြတာလဲ?

ဥပမာ – “စားသုံးသူတွေ အတွက် နေ့စဉ် ခက်ခဲ နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့လား ? ဒါမှမဟုတ် သူတို့ ဘ၀ တွေကို ဒီထက် ပိုပြီး မြှင့်တင်ပေးနိုင်ဖို့လား ? အစရှိတဲ့ လုပ်ဆောင် ပေးမယ့် အချက်တွေ ပါဝင်ပါတယ်။”

☝ Values – ဘာတွေက ကျွန်တော်တို့အတွက် အရေးကြီးလဲ?

ဥပမာ –  Empathy စာနာနားလည် ပေးမှု၊ Responsibility တာဝန်ခံမှု၊ Customer Focus စားသုံးသူတွေ အတွက် အဓိက အစရှိသလို core values တွေပါ။

☝ Vision – မျှော်မှန်းချက်ဘာလဲ?

မျှော်မှန်းတဲ့အနာဂတ်ပုံရိပ်ကို ရှင်းရှင်းလင်းလင်းရေးဖို့လိုတယ်။ ဥပမာ – "၂၀၃၀ မှာ မြန်မာနိုင်ငံရဲ့ ထိပ်ဆုံး ကုမ္ပဏီဖြစ်ဖို့။"

⚙️ Strategy – နည်းဗျူဟာအဆင့်

☝ Strategic Intent – ဘယ်လိုပုံစံနဲ့ရောက်မလဲ? 

ချပြထားတဲ့ Vision ကိုရောက်အောင် ဘယ်လို နည်းလမ်း တွေ က ရောက် ရှိလာနိုင်မှာလဲဆိုတဲ့ Different Perspectives of Scenarios (Scenarios Planning) တွေကို ကြိုတင် မူကြမ်းရေး ဖို့အတွက် လိုအပ်ပါတယ်။ ဉပမာ Yangon to Mandalay က ကားနဲ့ သွားရင်လည်း ရောက်နိုင်သလို  လေယာဉ်ပျံနဲ့ သွားရင်လည်း ရောက်နိုင်ပါတယ်။ ဒါပေမယ့် မတူညီတဲ့ ရောက်ခြင်းတွေမှာ အချိန်၊ ငွေ၊ အင်အား အစရှိတဲ့ အချက် တွေ ဘယ် လောက် အသုံးချနိုင်ဖို့ လိုလဲဆိုတာတွေကို တွက်ချက် နိုင် အောင် Strategic Intent တွေကို ကြိုတင်ပြင်ဆင်ထားတာမျိုးပါ။

☝ Drivers – ဘာတွေကိုအထူးအလေးပေးမလဲ?

Strategy ၁ ခု ဖြစ် မြောက်ဖို့အတွက် အ ရေးကြီးတဲ့ Lever ခလုတ် တွေ လိုအပ်ပါတယ်။ ဒီ ခလုတ် တွေက အလုပ်လုပ်မှသာ Purpose ကို အောင် မြင် စွာ ရောက် ရှိနိုင်မှာ ဖြစ်ပါတယ်။ ဉပမာ Retail Company တွေမှာဆိုရင် Customer Experience, Pricing, Digital Marketing စတဲ့ အဓိကတွန်းအားတွေက Lever ခလုတ် တွေ အဖြစ် Strategy ၁ ခု အ ကောင် အထည် ပေါ်လာဖို့ အဓိက လုပ် ဆောင်ချက် တွေ ဖြစ်ပါတယ်။

☝ Enablers – ဘယ်လိုအရင်းအမြစ်တွေသုံးမလဲ?

များသော အားဖြင့်  Business Management မှာ တော့ လူသိများတဲ့ 5Ms or 6Ms ကို အသုံးချကြတာများပါတယ်။ ဉပမာ Man : ဝန်ထမ်းများ၊ ကျွမ်းကျင်သူများ နှင့် လူအင်အား, Machine : အသုံးပြုသော စက်ပစ္စည်းနှင့်နည်းပညာများ, Materials : အဓိကကုန်ကြမ်းနှင့် ထုတ်လုပ်ရေးလိုအပ်ချက်များ,  Method : လုပ်ငန်းစဉ်၊ နည်းစနစ်နှင့်လုပ်ထုံးလုပ်နည်း, Metrics or Measurement : အချက်အလက်စုစည်းခြင်း၊ တိုင်းတာခြင်းနှင့်တိကျမှု တို့ ဖြစ်ကြပြီး 6Ms မှာ တော့ Mother Nature လို့ ခေါ်တဲ့ Unexpected conditions တွေကို ပါ ထည့်သွင်းစဉ်းစားထားတဲ့ Crisis Management အတွက် Proactive Planning အချက်အလက်များပါ ပါဝင်ပါတယ်။ 

🔧 Execution – အကောင်အထည်ဖော်မှု

 Targets & Initiatives – ဘာတွေလုပ်ဖို့လိုမလဲ?

Strategy Roadmap တွေက နေ Action အဖြစ် ပြောင်းလဲနိုင်အောင် ဖော်ဆောင် ထားတဲ့ Main Tasks တွေ ထဲကမှ Leading Factors လို့ ခေါ်တဲ့ အရေးကြီး Prioritized လုပ်ထားတဲ့ Tasks တွေကို စီစဉ်ဆောင်ရွက်ခြင်း။ ဉပမာ Marketing အတွက်ဆိုရင် Campaign plans, App Launches, Store Expansion စတဲ့ သီးသန့်လုပ်ဆောင်ချက်တွေ ကို ပြင်ဆင်လုပ် ဆောင်ကြပါတယ်။ 

☝ Performance Indicators – မအောင်မြင်ကြောင်း ဘယ်လိုသိမလဲ?

Entire Business view အ နေနဲ့ KPI, OKR အစရှိတဲ့ Project metrics တွေ ရှိသလို သက်ဆိုင်ရာ Professional industry တွေထဲမှာဆိုရင်လည်း ဉပမာ Marketing အနေနဲ့  ROAS, Revenue Growth, Conversion Rate စတဲ့ tangible measurable metrics တွေကို တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါတယ်။

☝ Strategy Map – ဒီအရာတွေကို ဘယ်လိုသက်သေပြမလဲ?

Where are you now ဆိုတဲ့ မိမိ လက်ရှိ ရောက် နေတဲ့ အ ခြေနေတွကို သိရှိနိုင် အောင် tangible measurable metrics တွေကို Dashboard, Report, Presentation ဖန်တီးပြုလုပ်လို့ ရပါတယ်။ 

👍 Conclusion 

Albert Einstein ရဲ့ ထင်ရှားတဲ့ Quote တွေထဲကမှ ဒီ Strategy Pyramid အကြောင်းအရာနဲ့ အသင့်တော်ဆုံး Quote ၁ ခု က ပြဿနာ တစ်ခု ကို ဖြေရှင်းဖို့ အချိန် ၁ နာရီ ရမယ်ဆိုရင် ၅၅ မိနစ် က ပြဿနာရဲ့ ဇစ်မြစ်ကို နားလည်ဖို့ အသုံးချမှာ ဖြစ်ပြီး ကျန် ၅ မိနစ်ကသာ Solution အတွက်ကို အဖြေထုတ်ဖို့ လိုမယ်ဆိုသလို ဒီ Strategy Pyramid ရဲ့ အလုပ်လုပ်ပုံကလည်း Einstein ရဲ့ quote လိုပဲ မိမိလိုချင်တဲ့ Strategic direction ၁ ခု ကို ရောက်ဖို့အတွက် အချိန် ၁ ခု လိုအပ်ပြီး အလုပ်လုပ် ဆောင်ချိန်ရဲ့ ၄ပုံ ၃ပုံ လောက်က ဒီ Pyramid အတွက် အသုံးချသင့်ပြီး ထွက်လာတဲ့ လုပ် ဆောင်ရဲ့ မယ့် အချက်တွေ အတွက် လုပ် ဆောင်ချိန်က ကျန် အချိန် တွေ မှာ အသုံးချသင့်ပါတယ်။ ဒါမှသာ မိမိ Business သည် ဘယ် အ ရွေ့ ဘယ် directions တွေကို တိကျသိသာ ထင်ရှားစွာ သွားနေ လည်းဆိုတာကို သိရှိနားလည်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီ Pyramid ပုံစံလေးကို အဆင့်ဆင့် ပြင်ဆင်ပြီး သင့်ရဲ့ personal strategy ဖြစ်စေ၊ အဖွဲ့အစည်းရဲ့ business strategy ဖြစ်စေ စနစ်တကျ တည်ဆောက်ကြည့်လိုက်ပါ။ ပြီးတော့ KPI တွေနဲ့ တကယ်အောင်မြင်မယ်ဆိုတဲ့ measurable results ကိုလည်း မမေ့နဲ့နော်။

Comments

Popular posts from this blog

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၁)

Digital Marketing Plan တစ်ခုဆွဲ ဖို့ ဘာတွေလိုမလဲ ? [ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၃)]

📣 စကားပြောသော Data များ [Data Dashboard to Storytelling Improvement]