ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၁)
Digital Marketing လို့ ယနေ့မှာ ခေတ်စားနေတဲ့ အသုံးအနှုန်းလေးတွေကို 2012-2013 မှ စပြီးတော့ ကျွန်တော် သတိထားမိလာပါတယ်။ ဒါကလည်း ကျွန်တော်က Creative Designer တစ်ယောက်အဖြစ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုနေရင်းမှ ဒီ Career လေးကို Professionalize လုပ်ဖို့ စိတ်ဝင်စားမှု ရှိလာလို့ပါ။ ယခု အရေးအသားများကလည်း အတွေ့အကြုံနုနယ်သေးတဲအပြင် ယခု လေ့လာလိုက်စားမှုတွေပေါ်အခြေခံ ရေးသားထားတာကြောင့် အမှား (သို့) လိုအပ်ချက်များပါပါက နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ။ လိုအပ်သည်များကိုလည်း ပွင့်လင်းမြင်သာစွာ ဝေဖန်ပြီးတော့ အကြံပြုနိုင်ပါတယ်။
DIGITAL MARKETING
Digital Marketing ရဲ့ မူလအရင်းအမြစ်ကို အကြမ်းဖျင်းအားဖြင့် အဓိပ္ပါယ် ဖွင့်ကြည့်မယ်ဆိုရင် Data-Driven Marketing လို့လည်း အချို့နိုင်ငံတွေမှာ သုံးစွဲကြပါသေးတယ်။ ဒါကတော့ Marketing ဆိုတဲ့ မဟာဗျုဟာမြောက်တဲ့ ဈေးကွက်စီးပွားရေး ချဲ့ထွင်မှုအောက်က Umbrella Term တစ်ခု အဖြစ် လူသိများ ခဲ့ကြတာ ဖြစ်ပါတယ်။ Digital Marketing ဆိုတာ လူအများရဲ့ Attention နှင့် Awareness ကို ရရှိနိုင်စေရန်အတွက် Internet ကို အခြေခံသော Products (သို့) Services များကို Digital Technologies နည်းပညာများပေါင်းစပ်ပြီး အသုံးချတဲ့ အဓိက ဘာသာရပ်ပဲ ဖြစ်ပါတယ်။
Digital Marketing ကို 1990 နှောင်းပိုင်း နှင့် 2000 ခုနှစ်များမှာ Brands and Businesses များ အတွက် ဈေးကွက်ချဲ့ထွင်မှု အဓိက နည်းပညာရပ် တစ်ခု အဖြစ်စတင်အသုံးပြုလာခဲ့ကြပါတယ်။
Digital Platforms များ နေ့စဉ် နဲ့မျှ ပေါ်ထွက်လာမှုနှင့်အတူ လုပ်ငန်းများ၏ Marketing စီမံမှုများမှာ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ ထို့နောက် လူအများ သိရှိအောင်ပြုလုပ်သော Digital Marketing Campaigns များက ဆိုင်တွေမှာ သွားရောက် လည်ပတ်မှုတွေအစား Digital Devices များမှတဆင့် ထိရောက်သော ဝန်ဆောင်မှုတွေအပြင် တိကျသော Results + Feedback + Data တွေကိုပါ ပေးနိုင်လာတာကြောင့် Traditional Marketing အစားထိုး တွင်ကျယ်စွာ အသုံးပြုရာကနေ ခေတ်စားရတဲ့ အကြောင်းရင်း တစ်ခုဖြစ်ပေါ်လာတယ်လို့ ထင်ပါတယ်။
Digital Marketing ကို ကွဲပြားစွာ ခွဲခြမ်းကြည့်ရင် Internet ကို အခြေခံသော နည်းပညာ နှင့် Internet မပါဘဲ အသုံးပြုသော နည်းပညာဆိုပြီး အကြမ်းဖျင်းခွဲခြားလို့ရပါတယ်။ Internet ကို အခြေခံသော Search-Engine Optimization (SEO), Search Engine Marketing (SEM), Content Marketing, Influencer Marketing, Content Automation, Campaign Marketing, Data-driven Marketing, eCommerce Marketing, Social Media Marketing, Social Media Optimization, Email Direct Marketing, Display Advertising, e-Books, Optical Disks and Games ဆိုတဲ့ ဘာသာရပ် များက ယေဘုယျအားဖြင့် အများပြည်သူနည်းလည်နိုင်မယ့် ဘာသာရပ်တွေ ဖြစ်လာခဲ့ပါတယ်။ Non-Internet Digital Media တွေကတော့ ဥပမာ - Mobile ဖုန်းထဲကို SMS, Short Messaging Service စာတို အခြေခံပေးပို့ခြင်း နှင့် MMS, Multimedia Messaging Service ဓါတ်ပုံကဲ့သို့ Image များနှင့် စာတိုများကို ပေးပို့ခြင်း တို့ကိုလည်း သုံးကြပါတယ်။ ဒါတွေအားလုံးကို Digital Marketing အကြောင်းအရာများလို့ သတ်မှတ်လို့ရပါတယ်။
နိုင်ငံတကာမှာ ခေတ်စားလာတာနှင့် အမျှ 2015-2016 မှ စလို့ မြန်မာပြည်တွင်း ယခုလို တဟုန်ထိုးနဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ထိုးဖောက်လာ ခဲ့တာလည်း အခြား အိမ်နီးချင်းနိုင်ငံများအတွက် အံ့အားသင့်ဖွယ် အနေအထား တွေ ဖြစ်ခဲ့ပါ သေးတယ်။ ဒါ့အပြင် အသစ်အသစ်သော Digital Platforms တွေကို နိုင်ငံအများအပြားက တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား Adapt လုပ်ယူတဲ့ နှုန်းတွေက သိသိသာသာ တိုးတက်လို့လာနေပါပြီ။
ဒါကြောင့် သင်ကော Digital ခေတ်ရေစီးကြောင်းကြီးမှာ လိုက်ပါ စီးမျောဖို့ အဆင်သင့်ဖြစ်နေပြီလား ? နောက်ထပ် အပိုင်းများကိုလည်း ခေါင်းစဉ်များအလိုက် (၂) ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် တင်နိုင်အောင် ကြိုးစားပေးသွားပါမယ်။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
Thanks a lot.
ReplyDelete