3i Principles , ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၄)
ဒီ တစ်ပတ်တော့ အလုပ်ကလေးနည်းနည်း ရှုပ်သွားတာနဲ့ စာတောင် ကောင်းကောင်းမရေးဖြစ်ခဲ့လိုက်ဘူး။ ပြီးခဲ့တဲ့လက ဖတ်ထားတဲ့ The Art of Digital Marketing စာအုပ်ထဲက အရေးကြီး အကြောင်းအရာလေးတစ်ခု ဖြစ်တဲ့ 3i Principles အကြောင်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။
3i Principles ဆိုတာဘာလဲ ? 3i Principles ဆိုတာ Initiate (အစပြုခြင်း)၊ Iterate (အကြိမ်ကြိမ်အဖန်ဖန် မွမ်းမံခြင်း) နှင့် Integrate (ပေါင်းစည်းခြင်း) တို့ကို စုပေါင်းဖွဲ့စည်းထားတဲ့ DMI Methodologies, Digital အစပြုခြင်း Methods များထဲမှာ Foundation ကောင်းဖြစ်ပြီး အောင်မြင်တဲ့ Marketing နည်းဗျုဟာတွေထဲကမှ အရေးကြီးတဲ့ သော့ချက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီ အချက်များက သင့်ရဲ့ Digital Marketing Plan အောင်မြင်ဖို့နဲ့ လေလွင့်ဆုံးရှုံးမှု နည်းအောင် အထောက်အပံ့ပေးပါတယ်။
အနှစ်ချုပ်အားဖြင့် 3i Principles ကို အသုံးချပြီး သင့်ရဲ့ Digital Marketing Campaign တွေကို ပိုမို အကျိုးရှိအောင် လုပ်ဆောင်နိုင်တဲ့ အပြင် လေလွင့် ဆုံးရှုံးမှုလည်း နည်းစေနိုင်ပါတယ်။ နောက် အပိုင်းမှာတော့ RACE (Reach, Act, Convert and Engaged) အကြောင်းလေး ဆက်လက် မျှဝေပေးပါ့မယ်။ အားပေးကြပါဦး။
Comments
Post a Comment