Posts

Showing posts with the label Digital Marketing

Traditional Marketer Vs Full-Stack AI Marketer !

Image
AI တတ်တဲ့ Full-Stack Marketer တစ်ဦးဟာသင့်အဖွဲ့အစည်းအတွက် ဘာလို့ အရေးကြီးလာတာလဲ? ယနေ့ Digital Marketing အခန်းကဏ္ဍမှာ ပြောင်းလဲမှုကြီးတွေဖြစ်နေပါတယ်။ AI tools တွေနဲ့ Martech ပိုင်းတွေတိုးတက်လာတာကြောင့် အလုပ်ရှင်အနေနဲ့ သတိထားဖို့အရေးကြီးတာတစ်ခုကတော့ Traditional Marketers တွေ ထက် AI အသုံးပြုပြီး Strategy, Creation, Data, Ops အားလုံးကောင်းစွာထိန်းချုပ်နိုင်တဲ့ Full-Stack AI Marketer တစ်ဦးရဖို့လိုနေပြီဆိုတာပါပဲ။ Highly Productive ဖြစ်တဲ့ Marketer တစ်ဦး ရဲ့ နောက်ကွယ်မှာ AI တွေ ရှိနေတယ် ☝  Traditional marketer တော်တော်များများက Campaign တစ်ခု run ဖို့ ၇-၁၀ ရက်ကြာလောက်ပြင်ဆင်ရတယ်။ Report Data တော်တော် များများကို မနက်တိုင်း Excel မှာထုတ် ပြန် clean လုပ် Presentation တွေပြင်ကြတယ်။ Visual တွေကို ပြင်ဖို့ လည်း Graphic Designer ကိုစောင့်ရ၊ လိုအပ်တဲ့ အတိုင်း မရလာ တွေကိုလည်း ပြန်ပြင်ရသလို  Content အတွက် Copy တွေ ကို လည်း အချိန်ပေး အာရုံစိုက်ဖို့လိုအပ်ပြန်ပါသေးတယ်။  🤖   ဒါပေမယ့်    Full-Stack AI Marketer တစ်ဦးကတော့ ➡️ AI Tools (e.g. ChatGPT, Canva Magic, Google Ads A...

Fletch's Theory အရ ပြီးပြည့်စုံတဲ့ Brand Strategy ၁ ခု ဘယ်လိုရေးမလဲ ?

Image
Brand Strategy ၁ ခု ကို ရေးတော့မယ်ဆိုရင် Business Owner တိုင်း Marketer တိုင်းပြောလေ့ရှိကြတာက Brand ၁ ခုကို ဘယ်လို Build လုပ်ရင်ကောင်းမလဲဆိုတဲ့ How အချက်အလက် တွေသာပါတဲ့ Generic thinking ကနေ အများစုတွေးတောလေ့ ရှိကြတာများပါတယ်။ Theoritical Concept အရ ဘယ်လို နည်းလမ်းတွေက ပိုပြီးတော့ Learning Curve ကို လျှော့ချနိုင်ပြီး ပိုမိုထိရောက်လည်းဆိုတာလေးကို စည်းစနစ်ကျကျ ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ ဒီတော့ လုပ်ငန်းအများစုအတွက်အကျိုးရှိမယ်လို့ ယူဆရတဲ့ Fletch Theory ရဲ့ Brand Strategy Theory Framework လေး ၁ ခုကို အတူတူလေ့လာကြည့်ရအောင်။  Brand Strategy ၁ ခု ဖြစ်ဖို့ဆိုရင် Key Components အနေနဲ့က Business Strategy, Positioning Strategy နဲ့ Brand Identity Strategy ကို အသေးစိတ် ပြင်ဆင်ဖို့လိုပါတယ်။ ဒါကို ကျွန်တော်လုပ်ခဲ့ဖူးတဲ့ Business လေး ၁ ခုနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုလေး workout လုပ်လို့ ရတယ်ဆိုတာလေးကို sharing လေး လုပ်ပေးချင်ပါတယ်။  1. Business Strategy (လုပ်ငန်းမဟာဗျူဟာ) Business Strategy ဆိုတာ ကုမ္ပဏီတစ်ခု ဘယ်လိုရပ်တည်မယ်၊ ဘယ်လိုဝင်ငွေရမယ်၊ ဘယ်လိုဈေးကွက်ထဲ ဝင်မယ်ဆိုတဲ့ အခြေခံအစီအစ...

အမှန်တကယ် အသုံးဝင်မယ့် Marketing Roadmap ၁ ခု ဘယ်လို ဆွဲကြမလဲ ?

Image
Business တိုင်းအတွက် Marketing Roadmap ၁ ခုကို စဉ်းစားကြတဲ့ အခါမှာ Macro-view က နေ Micro-view ကို ထည့်သွင်းစဉ်းစားဖို့လိုပေမယ့် တွေ့ခဲ့ဖူးတဲ့ Marketer အများစုက သူတို့ ရဲ့ အားသန်တဲ့အချက်က HOW တွေကိုသာ ပြောလေ့ ရှိကြတာကို ကြုံတွေ့ဖူးပါတယ်။ ဥပမာ ဘယ် Channel မှာ ဘယ်လို Content လေး ဖန်တီးလိုက်တာ Viral ဖြစ်သွားတယ် ဘာညာပေါ့။ ဟုတ်ပါတယ် ဒါက အသုံးမဝင်ဘူးလို့ မ ပြောချင်ပါဘူး။ ဒါပေမယ့် မိမိ ဖန်တီးသော Marketing အနုပညာသည် ပေါ်ပင် အတွက် ရေတို ရလဒ်ကိုပဲမျှော်မှန်းတာလား ? ရေရှည်အတွက် long-lasting ဖြစ်တဲ့ Brand ၁ ခု အနေနဲ့ ရပ်တည်ဖို့လားဆိုတာကို Marketer ၁ ယောက် အနေနဲ့  ကြိုတင်စဉ်းစားထားသင့်တဲ့ အချက် ၁ ခု ဖြစ် ကြောင်း အကြံပေးချင်ပါတယ်။ ဒီတော့ Macro-view လို့ လူသိများတဲ့ PESTLE conditions analysis တွေကနေ စလို့  Micro-view ရဲ့ Delivery ပိုင်းအထ်ိ ဘယ်လို Content and Approaches တွေ ဖန်တီးမလဲ အဆုံးကို  အသေးစိတ် စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက် အကြမ်းဖျင်းဒီလို 3 Steps Roadmap လေး ၁ ခု ဖန်တီးထားဖို့ လိုအပ်ပါတယ်။  👍 Markeing Strategy (Clarity & Direction Foundation)  Marketing Strategy ဆ...

RACE, ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၅)

Image
ဒီတစ်ပတ်မှာတော့ Plan, Reach, Act, Convert, Engage ဆိုတဲ့ Framework အကြောင်းလေးပြောကြရအောင်။ Digital Marketer တော်တော်များများ မစိမ်းတဲ့ အကြောင်းအရာလေး တစ်ခုလို့ ထင်ပါတယ်။ ပြီးတော့ Digital Marketing  မှာ ဒီ RACE ကို Performance အဖြစ်လည်း တိုင်းတာနိုင်ပါသေးတယ်။ RACE Plan လေး တစ်ခုဖြစ်ဖို့ အရင်ဆုံးဘာတွေ လိုအပ်မလဲ ? လှည့်ပြောင်းရလွယ်ပြီး ဗျုဟာကျတဲ့ Digital Marketing Plan ဖြစ်ဖို့ အတွက် အရင်ဆုံး ကိုယ့် Audiences တွေက Online မှာ ဘာတွေလုပ်နေတယ်၊ သူတို့ ဘာတွေကို ကြိုက်တတ်လဲ ဆိုတဲ့ အကြောင်းအရာတွေကို အရင်ဆုံး သိရှိအောင် Analysis အရင်ဆုံး လုပ်ထားသင့်ပါတယ်။ ကျွန်တော်တို့ကတော့ ဒါတွေကို Contents တွေလို့ ခေါ်တာပေါ့။ Content Marketing ကိုတော့ ဒီနေရာမှာ အကျယ်တဝင့် မဖော်ပြပေမယ့် နောင် အလျင်းသင့်သလို ပြန်လည် မျှဝေပေးပါ့မယ်။ Content Marketing ကို Invest လုပ်ရာမှာ SMART KPIs တွေနဲ့ တိုင်းတာနိုင်ရပါမယ်။ ဒါမှသာ သင့် လုပ်ငန်းရဲ့ Digital Marketing Plan မှာ ယင်း Contents တွေက မည်မျှ အထောက်အကူဖြစ်စေလည်းဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ Contents တွေကို RACE ဖြင့် တိုင်းတာကြည့်ချင်းဖြင့် သင် စိုက်...

3i Principles , ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၄)

Image
ဒီ တစ်ပတ်တော့ အလုပ်ကလေးနည်းနည်း ရှုပ်သွားတာနဲ့ စာတောင် ကောင်းကောင်းမရေးဖြစ်ခဲ့လိုက်ဘူး။ ပြီးခဲ့တဲ့လက ဖတ်ထားတဲ့ The Art of Digital Marketing စာအုပ်ထဲက အရေးကြီး အကြောင်းအရာလေးတစ်ခု ဖြစ်တဲ့ 3i Principles အကြောင်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။ 3i Principles ဆိုတာဘာလဲ ? 3i Principles ဆိုတာ Initiate (အစပြုခြင်း)၊ Iterate (အကြိမ်ကြိမ်အဖန်ဖန် မွမ်းမံခြင်း) နှင့် Integrate (ပေါင်းစည်းခြင်း) တို့ကို စုပေါင်းဖွဲ့စည်းထားတဲ့ DMI Methodologies, Digital အစပြုခြင်း Methods များထဲမှာ Foundation ကောင်းဖြစ်ပြီး အောင်မြင်တဲ့ Marketing နည်းဗျုဟာတွေထဲကမှ အရေးကြီးတဲ့ သော့ချက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီ အချက်များက သင့်ရဲ့ Digital Marketing Plan အောင်မြင်ဖို့နဲ့ လေလွင့်ဆုံးရှုံးမှု နည်းအောင် အထောက်အပံ့ပေးပါတယ်။ Principle 1 : Initiate (အစပြုခြင်း) Marketer တစ်ယောက်အတွက် အဓိက အကြီးမားဆုံးသော စိန်ခေါ်မှုက တစ်ဖက်ပိတ် (one-way communication) နည်းစနစ်တွေ အသုံးမဝင်တော့မယ့် တစ်နေ့ပါ။ ဒါဆိုရင် Digital ဆိုတာကကော ဘာအတွက် ရပ်တည်တာလဲ နဲ့ Digital Marketing ဆိုတာ ဘယ်အတိုင်းအတာ အထိ အသုံးဝင်လဲဆိုတဲ့ မေးခွန်းတွေ လူတိုင်းမှ...

Digital Marketing Plan တစ်ခုဆွဲ ဖို့ ဘာတွေလိုမလဲ ? [ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၃)]

Image
စာဖတ်ရှုသူ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်ရဲ့ Digital Marketing Sharing လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်တော့ စာနည်းနည်းရှည်မှာ ဖြစ်တဲ့ အတွက် ကြိုတင်ပြီး အကြောင်းကြားထားပါရစေ။ Digital Marketing ကို စတင်အသုံးချဖို့ဆိုရင် သင့်လုပ်ငန်းရဲ့ အမျိုးအစား၊ လက်ရှိပြည်တွင်းမှာ အသားပေး Digital Media (Situations Analysis)၊ Internet သုံးစွဲသူလူအများရဲ့ Behaviors၊ ကိုယ့်ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုနှုန်း (Competitors Analysis) နှင့် Digital Marketing ကြောင့် သင့်လုပ်ငန်းကို အကျိုးသက်ရောက်စေမယ့် အားသာချက် (Strengths)၊ အားနည်းချက် (Weakness) ၊ အခွင့်အလမ်း (Opportunities) နှင့် ခြိမ်းခြောက်မှုများ (Threats) တို့ိကို အရင်အဆုံး သိရှိထားဖို့တော့လို ပါမယ်။ ဒါ့အပြင် Company ရဲ့ Digital Marketing Strategy အတွက် သီးသန့်ချမှတ်ထားတဲ့ Vision, Mission and Goals တွေကိုလည်း သေချာ ရှင်းလင်းစွာ နားလည် ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ အပေါ်က အကြောင်းအရာတွေ အပြင် Digital Marketing ကြောင့်ဖြစ်လာမယ့် Downside တွေကိုလည်း နားလည်သိရှိထား ဖို့တော့ လိုပါလိမ့်မယ်။ လုပ်ငန်းရှင်များအဖို့ သာမန် လူ သိများအောင် ကြော်ငြာလုပ်တဲ့ P...

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၂)

Image
Digital Marketing နောက်ကြောင်းလေးကို နည်းနည်းလောက် ပြန်လည် တူးဖော်ကြည့်ရအောင်။ Digital Marketing ရယ်လို့ စတင်ခေါ်ဝေါ်သုံးစွဲခဲ့တာက SoftAd Group (ခု ChannelNet) လို့ ခေါ်တဲ့ Advertising Campaigns နှင့် Automobile Company က စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာဒီအခေါ်အဝေါ်ကို စတင်သုံးစွဲခဲ့ တယ်ဆိုပေမယ့် ၁၉၈၀ နှစ်လယ်ပိုင်း လောက်က တည်းက လူတွေနဲ့ သိပ်မစိမ်းဘူးလို့တော့ပြောလို့ ရပါတယ်။ UK မှာရှိတဲ့ Retailers တွေရဲ့ Web-Domain Address တွေက Register လုပ်ထားခြင်းတောင် မရှိဘူးလို့ ၂၀၀၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရသိရှိခဲ့ပါတယ်။ ဒီလိုနဲ့ Digital Devices တွေ ကလည်း ခေတ်တွေ ပြောင်းလာတာနှင့် အမျှ တဖြေးဖြေးနဲ့ တိုးတက်မှုရှိလာခဲ့ပြီး လူတွေက Digital Marketing ကို ၂၀၁၀ ခုနှစ်မှာ ပိုမို ကျွမ်းဝင်လာခဲ့ပါတယ်။ ၂၀၁၂ နှင့် ၂၀၁၃ မှာတော့ Digital Marketing ဟာ တိုးတက်မှု အမြန်ဆုံးနှုန်းရယ်လို့ စာရင်းအတိအကျကို Worldwide Report အဖြစ် စတင်ထုတ်ပြန်ခဲ့ပါတယ်။ Digital Marketing ကို အပိုင်း-၁ တုန်းကပြောခဲ့တဲ့ Data-Driven Marketing အပြင် အလွယ်အနေနဲ့ ခေါ်ဝေါ် တာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ Online Marketing, ...

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၁)

Image
Digital Marketing လို့ ယနေ့မှာ ခေတ်စားနေတဲ့ အသုံးအနှုန်းလေးတွေကို 2012-2013 မှ စပြီးတော့ ကျွန်တော် သတိထားမိလာပါတယ်။ ဒါကလည်း ကျွန်တော်က Creative Designer တစ်ယောက်အဖြစ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုနေရင်းမှ ဒီ Career လေးကို Professionalize လုပ်ဖို့ စိတ်ဝင်စားမှု ရှိလာလို့ပါ။ ယခု အရေးအသားများကလည်း အတွေ့အကြုံနုနယ်သေးတဲအပြင် ယခု လေ့လာလိုက်စားမှုတွေပေါ်အခြေခံ ရေးသားထားတာကြောင့် အမှား (သို့) လိုအပ်ချက်များပါပါက နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ။ လိုအပ်သည်များကိုလည်း ပွင့်လင်းမြင်သာစွာ ဝေဖန်ပြီးတော့ အကြံပြုနိုင်ပါတယ်။ DIGITAL MARKETING Digital Marketing ရဲ့ မူလအရင်းအမြစ်ကို အကြမ်းဖျင်းအားဖြင့် အဓိပ္ပါယ် ဖွင့်ကြည့်မယ်ဆိုရင် Data-Driven Marketing လို့လည်း အချို့နိုင်ငံတွေမှာ သုံးစွဲကြပါသေးတယ်။ ဒါကတော့ Marketing ဆိုတဲ့ မဟာဗျုဟာမြောက်တဲ့ ဈေးကွက်စီးပွားရေး ချဲ့ထွင်မှုအောက်က Umbrella Term တစ်ခု အဖြစ် လူသိများ ခဲ့ကြတာ ဖြစ်ပါတယ်။ Digital Marketing ဆိုတာ လူအများရဲ့ Attention နှင့် Awareness ကို ရရှိနိုင်စေရန်အတွက် Internet ကို အခြေခံသော Products (သို့) Services များကို Digital Technologies နည်းပ...