Contents တွေကို အကျိုးရှိထိမိစေမယ့် META Insight Loop Framework (MIL)


ဖတ်ရန်ကြာချိန် (၂၀ မိနစ်)

Facebook Marketing ကို Data-Driven အနေနဲ့ အလွယ်တကူ စဉ်းစားလို့ရအောင် ဘယ်လို Framework လေးတွေ apply လုပ်သင့်လဲ လာလာမေးကြတဲ့ ကျွန် တော့် အသိမိတ်ဆွေ အချို့ အတွက်ပါ။ MIL Framework (Meta Insight Loop) လို့ ခေါ်ပါတယ်။ အသေးစိတ်ကိုလည်း Meta Blueprint Free Courses တွေ မှာ သွားရောက် လေ့လာနိုင်ပါတယ်။ Reference လုပ်ထားတဲ့ Link တွေကိုလည်း Article အဆုံးမှာ ထည့်ပေးထားပါတယ် ခင်ဗျာ။ အလွယ်တကူ နားလည်ပြီး အသုံးချမှု အခြေ နေကို အမြန်ဆုံးရောက်နိုင်အောင် ရည်ရွယ်ထားပါတယ်။ 



Stage 1 "Collect (Data Collection)" : Listening First

Data နဲ့ ပတ်သက်လာရင် တော့ အရင်ဆုံး မိမိ business ရဲ့ targeted audiences (data မရှိသေးရင် တောင် desired Audiences ကို စတင်စမ်းသပ်) ကို အရင်ဆုံးလေ့လာဖို့ လိုအပ်ပါတယ်။ ဒီတော့ ဒီ relevant data တွေက ဘယ် တွေက နေ သွားပြီးယူလို့ရလဲ ? ဆိုတော့ Facebook Page ရဲ့ Insights တွေ၊ Ads Manager နဲ့ မိမိ လုပ်ငန်း Facebook Page နဲ့ ချိတ်ဆက်ထားတဲ့ Website, App အစရှိတဲ့ Events တွေက နေ track ယူလို့ ရတဲ့ Meta Pixel & Conversion APIs က နေ တဆင့်ရယူနိုင်ပါတယ်။ ဒါ့ပြင် နောက်ပိုင်းမှာ Meta က Support လုပ်ထားတဲ့ AND လို့ ခေါ်တဲ့ Audience Network Data (အလွယ် ပြောရရင် Cross-platforms such as Facebook-Instagram, Facebook-Whatsapp, etc) အစရှိတဲ့ Platforms တွေမှာ မိမိရဲ့ Audiences က Overlapping ဖြစ်/မဖြစ် ဆိုတဲ့ အ ခြေ နေ တွေကို သိရှိနိုင်ပါတယ်။ ဒါကြောင့် အရင်ဆုံး Know your Audiences အ နေနဲ့ Data Collection ကို ရရှိနိုင်မယ့် နေရာ တွေက နေ မှန်ကန်စွာ Collect လုပ်ဖို့ လိုအပ်ပါတယ်။ 


Stage 2 "Analyze (Data Interpretation)" : Find the Why

ရလာတဲ့ Data တွေ ကို ဆက်စပ်ပြီးတော့မှ Data တွေက ဘာကို ပြောလဲဆိုတာကို အ ဖြေထုတ်ရပါတယ်။ တနည်းအားဖြင့် Raw Data ဘဝက နေ အသုံးချလို့ ရမယ့်  Insight ဘ၀ ရောက် အောင် ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်ပါတယ်။ Data Analysis stage မှာ Model တွေ အများကြီးထဲက မှ Marketing အတွက်အလွယ်ဆုံး (၃) ခု ရွေးပေးထားပါတယ်။ Cluster Analysis (စိတ်ဝင်စားမှုတူသော အဖွဲ့များအလိုက် ခွဲခြမ်းစိတ်ဖြာခြင်း), Sentiment Analysis (Audiences တွေရဲ့ စိတ်ခံစားချက်များကို ခွဲခြမ်းစိတ်ဖြာခြင်း) and Trend Mapping (Organic Vs Paid များအကြားထိရောက်မှု ရှိသော Contents Theme များကို ခွဲခြမ်းစိတ်ဖြာခြင်း) ဆိုပြီး ၃ ပိုင်း ခွဲလေ့လာလို့ ရပါတယ်။ 

Cluster  Analysis သည် စိတ်ဝင်စားမှု တူညီသော အဖွဲ့များထဲမှာ ပိုပြီး ထင်ရှား (သို့) ကြီးစိုးသောအဖွဲ့ကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း ဖြစ်ပါတယ်။  ဥပမာ အ နေနဲ့ အောက်ပါ Data တွေကို  အ ပေါ်က ပြောထားသလို collect လုပ်လို့ ရတယ်ဆိုပါစို့။ ဘယ်ဘက် Raw Meta Data နဲ့ Observed Pattern တွေ ပေါ် အ ခြေခံပြီး Insight ကို ညာဘက်မှာ Interpret လုပ်ဖို့ လိုအပ်ပါတယ်။ ဒီမှာတော့ 25-34 Male တွေက ကြီးစိုးတာမျိုးကို တွေ့ရပြီး Storytelling type Mobile Friendly video (reels) တွေကို ပိုကြိုက်နှစ်သက်ခြင်းနှင့် Convert ဖြစ်လွယ်တယ် အစရှိတဲ့ အချက် တွေကို တွေ့ရှိရပါတယ်။ 


ဒီတော့ အကုန်လုံးကို ခြုံကြည့်လိုက်ရင် တော့ Facebook Page မှာ 25-34 Mobile ကို အသုံးပြုကြ သော  Male အများစုသည် Short-form Reel Videos တွေကို စိတ်ဝင်စားမှု နှုန်းက သာမန် Static/Dynamic Carousel Ads တွေထက် 3X ပိုများနေပြီး Conversion မှာလည်း 3.4% လောက် ထိ ရှိနိုင်တယ်လို့ အဓိပ္ပါယ် ပြန်လို့ ရပါတယ်။ 

Sentiment Analysis က Feedbacks တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရတဲ့ အပိုင်းဖြစ်ပြီး ဥပမာ အ နေနဲ့ Collect လုပ်လို့ ရတဲ့ Data  တွေက အောက်ပါအတိုင်း ထွက်လာတယ်ဆိုကြပါစို့။ Raw Meta Data and Observed Pattern တွေကို ကြည့်ရင် အပြုသ ဘော ဆောင် တဲ့ Feedback တွေက များခြင်း၊ Emotional Connection Strong ဖြစ်ခြင်း၊ အများစုက Product ထက် Logistics အ ပေါ်မှာ Pain Point ပိုရှိခြင်း၊ Content တွေက အခြားသူတွေ ပြန်ညွှန်းပေးဖို့ ကောင်းနိုင်ခြင်း နဲ့ 25-40 Female အများစုက Feedback ပေးခြင်းတို့ကြောင့် သူတို့ အကြိုက် Tone နဲ့ Visual Style တွေကို ပိုလုပ်ဖို့လလိုခြင်း အစရှိတဲ့ Data တွေကို Interpret လုပ်လို့ ရပါတယ်။ 


ဒီတော့ အကုန်လုံးကို ခြုံကြည့်ရင် 25-34 Female ကဲ့သို့သော အမှန်တကယ် အသုံးပြုသူတွေ သည် Delivery နဲ့ ပတ်သက်တဲ့ စိတ်ပူပန်မှုများ ရှိတတ်ကြပြီး သူတို့ ပေးသော Comment အများစုက အပြု သ ဘော ဆောင် သော သုံးသပ်ချက်များကို ရရှိနေတာ ကြည့်ခြင်းအားဖြင့် Authentic and Real-user based Visual Artwork တွေက အမှန်တကယ် အသုံးပြုသူတွေ အတွက် ပို engage ဖြစ်နိုင်တယ်ကို တွေ့ရှိရပါတယ်။ 

Trend Mapping Analysis မှာဆိုရင်လည်း အ ခြေ ခံအားဖြင့် တူညီတဲ့ Interpretation တွေ ရှိတယ်ဆိုပေမယ့် Trend ဆိုတဲ့ အတိုင်း ဘယ်လိုမျိုး Theme က ပိုပြီး အလုပ်ဖြစ် နေလည်း ကို ခွဲခြမ်းစိတ်ဖြာတာက ပိုများပါတယ်။ အောက်ပါ Data များကို လေ့လာကြည့်ရင် Learning အသားပေး Content တွေက လက်ရှိ viewers တွေကို ထိန်းသိမ်းထားနိုင်ခြင်း၊ Trending ဖြစ်တဲ့ keywords တွေ အသုံးပြုထားခြင်းက မိမိ content ကို ပိုမြင်သာခြင်း၊ User Generated Content type ဖြစ်တဲ့ Reels တွေက Algorithm အလုပ်လုပ်တဲ့ ပေါ်မှာ ပိုမို အ ထောက် အကူ ဖြစ်ခြင်း၊ Short Form Reels တွေက မိမိ Audiences က ပို အကြိုက်များခြင်း အစရှိတဲ့ အချက် တွေကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ 


ဒါကို ခြုံငုံသုံးသပ်ရရင် Educational Reels တွေကို Trend ဖြစ်တဲ့ Skincare Terms လေးတွေကို ထည့်သွင်း အသုံးပြုခြင်း အခြားသော Traditional way posts တွေ ထက် Organic Reach မှာ 2.5X လောက် ပို ကောင်းမွန် ကြောင်းကို တွေ့ရှိရပါတယ်။ 


Stage 3 "Strategize" : Act with Precision

ဒီ Stage က ကျွန် တော် အရင် share ဖူးတဲ့ Marketing Funnel Article များမှာလိုပဲ မိမိ လုပ်ငန်း ရဲ့ Audiences Marketing Funnel အတွက်ကို Top to Bottom Layers တခုချင်းစီတိုင်း အတွက် ထည့်သွင်း စဉ်းစားရပါမယ်။ ကျွန် တော်က တော့ latest ACC (Awareness, Consideration and Conversion) Model ကို အသုံးများတာ ကြောင့် ယခု Article မှာ တော့ ဒီ Model လေး ကို ထည့်သွင်း စဉ်းစားထားပါတယ်။ Awareness က စလို့ Conversion Stage Layer ၁ ခုချင်းစီ တိုင်း အတွက် Key Pillars တွေ ဖြစ်တဲ့ Content Strategy (ကိုယ်က ဘာ message or values ပေးချင်လဲဆို) ၊ Targeted Audiences (Audience Profile ၁ ခုချင်းစီ အတွက် Personalized tones of voices or Unique tone of voices) တို့အပြင် မိမိ အသုံးပြုမယ့် Facebook Content Objectives နဲ့ Ads Budget အစရှိတာတွေကို Layer ၁ ခုချင်းစီ အလိုက် ပြင်ဆင်ထားဖို့ လိုအပ်ပါမယ်။ 


Stage 4 "Validate" : Experiementation - Test, Learn, Optimize

ကဲ ..  Data တွေလည်း Collect, Analyze လုပ်ပြီး ဘာတွေ လုပ်သင့်သလဲ ဆိုတဲ့ Tactical Strategy ပြင်ဆင်မှု အပိုင်းတွေပြီးပြီဆိုတော့ Action stage က ခုမှ စပါမယ်။ ဒီ Stage မှာ Experimentation  အ နေနဲ့ ဘာတွေ လုပ်သင့်လဲဆိုတော့ မိမိ ဖန်တီးထားတဲ့ Contents တွေရဲ့ results and performances တွေကို monitor လုပ်ဖို့ လိုပါမယ်။ Marketing အ ခေါ်တော့ A/B testing ပေါ့။ ဘယ် Content, ဘယ် Campaign က ပိုထိရောက်မှု ရှိလဲ စောင့်ကြည့်လေ့လာတာပေါ့။ ဘာတွေကို  စောင့်ကြည့် လေ့လာသင့်လဲဆိုတော့ Content Objectives (Reach, Act, Convert, Engage), Copy Style (Emotional, Educational, ..), Content Format (Static Image, Reels, Carousel, etc.) တို့အပြင် CTA (Call-to-action) တွေ ဖြစ်တဲ့ Buttons တွေ အဖြစ် Shop Now, Lear More, Download Now အစရှိတဲ့ ဘယ် အချက် တွေက အလုပ်ဖြစ်လဲ မဖြစ်ဘူးလဲ ကို စောင့်ကြည့်နေဖို့လိုပါတယ်။ ဘယ် tools တွေကို အသုံးချသင့်လဲဆိုတော့ Facebook ဖြစ်တဲ့ အ လျှောက် Meta မှာ Build-in ပါတဲ့ Meta Experiments Suite က နေ Monitor လုပ်နိုင်ပါတယ်။ 


Stage 5 "Iterate" : Monitoring Feedback Loop

မိမိ implementation ကိစ္စပြီးသွားရုံနဲ့ အဆုံးသတ်မသွားပါဘူး။ Validate stage မှာ Monitor လုပ်ထားတဲ့ Results တွေကို အ ခြေခံပြီးတော့ နောက် ထပ် အသစ် ဖန်တီးမယ့် Contents တွေအတွက်ကို ပြန် Review လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တော့ Meta ဆန်တဲ့ အ ခေါ်အ ဝေါ်က Contents Intelligence Dashboard ၁ ခု လိုအပ်ပါတယ်။ မိမိ တင်ထားသမျှ Contents တွေ အတွက် Page, Campaign, Ad-set, Visual, Copy က စလို့ Performance Metrics တွေ ဖြစ်တဲ့ Reach, Views, Link Clicks, etc. အစရှိတဲ့ Metrics တွေ က နေ Efficiency Metrics တွေ ဖြစ်တဲ့ CPC, CPM, CPA, CAC အစရှိတဲ့ Costs related and ROI expectations တွေကိုလည်း Review လုပ်ဖို့ လိုအပ်ပါတယ်။ 


Stage 6 "Scale" : Scale what works or Continuous Optimization 

ဒီလို Review လုပ်ထားတဲ့ Feedback Loop Performances Data တွေ က နေ တဆင့် မိမိ ရဲ့ ဘယ် Campaign, ဘယ် Ads, ဘယ် Contents, ဘာ Content အမျိုးအစား ဘယ်လို Visual တွေက ဘယ် Audienes မှာ အလုပ်ဖြစ်တယ်ဆိုတဲ့ အချက်လက် တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို သိရှိနိုင်မှသာ Future မှာ ဖန်တီးမယ့် Contents တွေ ပို အကျိုး ရှိစေနိုင်ဖို့ ဘယ် နေရာ ဘယ် ပြင်ဆင်မှုမျိုးကို ပို အ လေး ထားသင့်တယ်ဆိုတဲ့ ဒီ Scaling stage ကို ရောက်လာမှာပဲ ဖြစ်ပါတယ်။ 


Conclusion

နိဂုံးချုပ် အ နေနဲ့ဆိုရင် တော့ MIL သည် Circle Loop process ဖြစ်တဲ့ အ လျှောက် Collect Stage က နေ Scale Stage ထိ ရောက်ရင် Data တွေ ပြန်ထွက်လာမှာ ဖြစ်ပြီး ပိုကောင်းတဲ့ result တွေကို Loop ၁ ခါ ပတ်တိုင်း ပို improve ဖြစ်လာရမှာပဲဖြစ်ပါတယ်။ အနှစ်ချုပ် အ နေနဲ့ ပြန်  recap လုပ် ပေးရရင် Collect, Analyze, Strategize, Validate, Iterate and Scale ဆိုတဲ့ Stage ၆ ခု ပဲ ရှိပြီး Continuous Improvement တွေကို time to time manage လုပ်လို့ရတဲ့ Framework လေး ဖြစ် တဲ့အတွက် ကြောင့် စနစ်တကျ ပို အသုံးဝင်မယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်လိုက်ပါရ စေ။


References : 

Meta Business Help Center — Data & Insights Overview

https://www.facebook.com/business/help


Meta for Business — Ads Reporting & Measurement Tools

https://www.facebook.com/business/tools/meta-ads-reporting


Meta Advantage Suite (Automation & Optimization)

https://www.facebook.com/business/advantage


Meta Pixel Setup & Data Tracking

https://www.facebook.com/business/tools/meta-pixel


Meta Blueprint (Free Learning Courses)

https://www.facebook.com/business/learn





Comments

Popular posts from this blog

📣 စကားပြောသော Data များ [Data Dashboard to Storytelling Improvement]

Perplexity : Unlocking the power of information

Strategy Pyramid အကြောင်းသိကောင်းစရာ