အမှန်တကယ် အသုံးဝင်မယ့် Marketing Roadmap ၁ ခု ဘယ်လို ဆွဲကြမလဲ ?
Business တိုင်းအတွက် Marketing Roadmap ၁ ခုကို စဉ်းစားကြတဲ့ အခါမှာ Macro-view က နေ Micro-view ကို ထည့်သွင်းစဉ်းစားဖို့လိုပေမယ့် တွေ့ခဲ့ဖူးတဲ့ Marketer အများစုက သူတို့ ရဲ့ အားသန်တဲ့အချက်က HOW တွေကိုသာ ပြောလေ့ ရှိကြတာကို ကြုံတွေ့ဖူးပါတယ်။ ဥပမာ ဘယ် Channel မှာ ဘယ်လို Content လေး ဖန်တီးလိုက်တာ Viral ဖြစ်သွားတယ် ဘာညာပေါ့။ ဟုတ်ပါတယ် ဒါက အသုံးမဝင်ဘူးလို့ မ ပြောချင်ပါဘူး။ ဒါပေမယ့် မိမိ ဖန်တီးသော Marketing အနုပညာသည် ပေါ်ပင် အတွက် ရေတို ရလဒ်ကိုပဲမျှော်မှန်းတာလား ? ရေရှည်အတွက် long-lasting ဖြစ်တဲ့ Brand ၁ ခု အနေနဲ့ ရပ်တည်ဖို့လားဆိုတာကို Marketer ၁ ယောက် အနေနဲ့ ကြိုတင်စဉ်းစားထားသင့်တဲ့ အချက် ၁ ခု ဖြစ် ကြောင်း အကြံပေးချင်ပါတယ်။
ဒီတော့ Macro-view လို့ လူသိများတဲ့ PESTLE conditions analysis တွေကနေ စလို့ Micro-view ရဲ့ Delivery ပိုင်းအထ်ိ ဘယ်လို Content and Approaches တွေ ဖန်တီးမလဲ အဆုံးကို အသေးစိတ် စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက် အကြမ်းဖျင်းဒီလို 3 Steps Roadmap လေး ၁ ခု ဖန်တီးထားဖို့ လိုအပ်ပါတယ်။
👍 Markeing Strategy (Clarity & Direction Foundation)
Marketing Strategy ဆိုတာ သင့်လုပ်ငန်းအတွက် "ဘယ်သူ့ကို ရောင်းမလဲ၊ ဘာကို ရောင်းမလဲ၊ ဘယ်လို ရောင်းမလဲ" ဆိုတဲ့ အခြေခံအကြံဉာဏ်ပါ။ Target Audience (ဥပမာ - Gen Z ဖောက်သည်တွေ)၊ Offer (သင့်ထုတ်ကုန်ရဲ့ အဓိက အကျိုးကျေးဇူး)၊ နဲ့ Brand Messaging (ဘယ်လို စကားလုံးတွေနဲ့ ရောင်းမလဲ) ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့လိုပါတယ်။ ဒီအဆင့်မှာ "ငါတို့က ဘာကောင်းလဲ" ထက် "ဖောက်သည်တွေ ဘာလိုချင်လဲ" ကို အဓိက ထားဖို့အတွက် လိုအပ်ပါတယ်။
👾 Marketing Systems (Systematic Execution)
Systems ဆိုတာက Strategy ကို အလုပ်ဖြစ်အောင် လုပ်ပေးတဲ့ "Execution Machines" တွေ လို့ မြင်လို့ရပါတယ်။ ဥပမာ - Facebook Ads နဲ့ ဖောက်သည်တွေကို ဆွဲဆောင်မယ်၊ ပြီးရင် Social Apps (B2C), Email (B2C) အစရှိတဲ့ Marketing နဲ့ ဆက်ပြီး ရောင်းမယ်၊ နောက်ဆုံး CRM Tool (ဖောက်သည်စီမံခန့်ခွဲမှု Software) နဲ့ သူတို့ကို ထိန်းသိမ်းမယ်။ ဒီစနစ်တွေ ကောင်းဖို့ဆိုရင် Conversion Funnel အဆင့်ဆင့် နဲ့ KPIs Metrics တွေကို သေချာ Setup လုပ်ထားဖို့ လိုအပ်ပါမယ်။
💥 Marketing Operations (Visibility & Operation Excellence)
Operations ကတော့ လက်တွေ့မြင်ရတဲ့ အပိုင်းပါ။ Ads Design၊ Social Media Post တွေ၊ Website ပေါ်က စာသားတွေကို ဖောက်သည်တွေ ကြိုက်အောင် ဘယ်လို ပြင်ဆင်ရမလဲဆိုတာ ဒီမှာ အရေးကြီးတယ်။ ဥပမာ - သင့် Facebook Ad ကို လူ ၁၀၀ မြင်ရင် ၅ ယောက်က နှိပ်ဖို့ Headline နဲ့ Image က စိတ်ဝင်စားစရာ ကောင်းနေရမယ်။ ဒီအဆင့်မှာ A/B Testing (ဥပမာ - စာသား ၂ မျိုးနဲ့ စမ်းကြည့်တာ) လုပ်ပြီး ဘယ်ဟာ အလုပ်ဖြစ်လဲဆိုတာ စစ်ဆေးရမယ် အစရှိတဲ့ အချက် တွေကို အချိန်နဲ့ တ ပြေးညီ Monitor လုပ်ထားဖို့ လိုအပ်ပါမယ်။ ဒါမှသာ Agile Actions တွေနဲ့ Waste ကို ကောင်းကောင်း Control လုပ်နိုင်မှာ ဖြစ်ပါတယ်။
💪 Key Takeaways and Conclusion
Strategy မှားရင် Systems တွေ ဘယ်လောက်ကောင်းကောင်း၊ Operations တွေ ဘယ်လောက်ပဲတော်တော် အလုပ်မဖြစ်ပါဘူး။ ဒီသုံးခုကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်မှသာ Sustainable Growth ရနိုင်မှာပါ။ ဒါကြောင့်မို့ သင့်လက်ရှိ Marketing လုပ်ငန်းစဉ်တွေကို ဒီ Framework အရ ပြန်သုံးသပ်ကြည့်ပါ။ တစ်ဆင့်ချင်းစီမှာ ဘာတွေ ပြည့်စုံပြီးသား၊ ဘာတွေ လိုအပ်နေသေးလဲ ရေးချကြည့်ပါ။ ဒါမှသာ လိုအပ်ချက်ရှိတဲ့နေရာတွေကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မှာဖြစ်တယ်လို့ အကြံပြုရင်း အသုံးတည့်ကြပါစေ။
Comments
Post a Comment