Fletch's Theory အရ ပြီးပြည့်စုံတဲ့ Brand Strategy ၁ ခု ဘယ်လိုရေးမလဲ ?




Brand Strategy ၁ ခု ကို ရေးတော့မယ်ဆိုရင် Business Owner တိုင်း Marketer တိုင်းပြောလေ့ရှိကြတာက Brand ၁ ခုကို ဘယ်လို Build လုပ်ရင်ကောင်းမလဲဆိုတဲ့ How အချက်အလက် တွေသာပါတဲ့ Generic thinking ကနေ အများစုတွေးတောလေ့ ရှိကြတာများပါတယ်။ Theoritical Concept အရ ဘယ်လို နည်းလမ်းတွေက ပိုပြီးတော့ Learning Curve ကို လျှော့ချနိုင်ပြီး ပိုမိုထိရောက်လည်းဆိုတာလေးကို စည်းစနစ်ကျကျ ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ ဒီတော့ လုပ်ငန်းအများစုအတွက်အကျိုးရှိမယ်လို့ ယူဆရတဲ့ Fletch Theory ရဲ့ Brand Strategy Theory Framework လေး ၁ ခုကို အတူတူလေ့လာကြည့်ရအောင်။ 

Brand Strategy ၁ ခု ဖြစ်ဖို့ဆိုရင် Key Components အနေနဲ့က Business Strategy, Positioning Strategy နဲ့ Brand Identity Strategy ကို အသေးစိတ် ပြင်ဆင်ဖို့လိုပါတယ်။ ဒါကို ကျွန်တော်လုပ်ခဲ့ဖူးတဲ့ Business လေး ၁ ခုနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုလေး workout လုပ်လို့ ရတယ်ဆိုတာလေးကို sharing လေး လုပ်ပေးချင်ပါတယ်။ 

1. Business Strategy (လုပ်ငန်းမဟာဗျူဟာ)

Business Strategy ဆိုတာ ကုမ္ပဏီတစ်ခု ဘယ်လိုရပ်တည်မယ်၊ ဘယ်လိုဝင်ငွေရမယ်၊ ဘယ်လိုဈေးကွက်ထဲ ဝင်မယ်ဆိုတဲ့ အခြေခံအစီအစဉ်ပါ။ ဒီထဲမှာ ဘယ်လို အ ကြောင်းအရာတွေ ပါသင့်လဲဆိုတော့ 
  • ဝင်ငွေပုံစံ (Revenue Model): ငွေဘယ်ကရမလဲ? (ဥပမာ Product ရောင်း၊ Subscription၊ Advertisement, အစရှိသဖြင့်)
  • ဖြန့်ချိမှုပုံစံ (Delivery Model): Product/Service ကို ဘယ်လိုပို့မလဲ? (Online, Retail, B2B အစရှိသဖြင့်)
  • ဈေးကွက် (Markets): ဘယ်သူတွေကို Target ထားလဲ? ဆိုတဲ့ အချက်အလက်တွေ ကိုထည့်သွင်းစဉ်းစားခြင်း။

2. Brand Identity (အမှတ်တံဆိပ်လက္ခဏာ)

ဒါပြင် Brand Identithy ဆိုတာ သင့် ကုမ္ပဏီ ကို လူေွက ဘယ်လိုပုံစံမျိုးနဲ့ မြင် စေချင်တာလဲ ကို ဖော်ဆောင် ပေးမယ့် Strategy ၁ ခုပါပဲ။ ဒီထဲမှာလည်း 
  • တန်ဖိုး (Value): ကုမ္ပဏီက Customers တွေ အတွက် ဘယ်လို အကျိုးတွေကို ဖန်တီးပေးမလဲ?
  • အမြင်သဏ္ဍာန် (Visuals): Logo, Color, Design တွေက ဘယ်လိုဖော်ဆောင်ထားတာလဲ?
  • အသွင်အပြင် (Personality): Friendly? Professional? Luxury? အစရှိတဲ့ အချက်အလက် တွေကို ထည့်သွင်းစဉ်းစားခြင်း။ 

3. Positioning Strategy (နေရာချထားမှုမဟာဗျူဟာ)

ဒါက သင့် ကုမ္ပဏီ ကို ဈေးကွက်ထဲမှာ ကိုယ့် Product/Service ကို သူများ (Competitors) တွေနဲ့ ယှဉ်ရင် ဘယ်လိုထူးခြားတဲ့ Values တွေကို ဖန်တီးပြနိုင်မလဲဆိုတဲ့ နည်းလမ်း ၁ ခုပါပဲ။ ဒီတော့ ဘာတွေ စဉ်းစားသင့်လဲဆိုရင် :
  • မိမိပစ်မှတ်ထားလိုသောသူများ (Target Audience): ဘယ်လူတွေကို ဦးတည်မလဲ?
  • ပြိုင်ဘက်တွေနဲ့ ကွာခြားချက် (Differentiation): ပြိုင်ဘက်တွေထက် ဘာကပိုကောင်းလဲ?
  • ပြိုင်ဘက်တွေရဲ့ အခြားရွေးစရာ (Competitive Alternatives): ကိုယ့်အစား သူတို့ဘာသုံးနေကြလဲ? အစရှိတဲ့ အချက်အလက် တွေကို ထည့်သွင်းစဉ်းစားခြင်း။

အထက်ပါ အချက် တွေကို ပြည့်စုံအောင် ထည့်သွင်းဖန်တီးထားနိုင်ရင် တော့ Fletch Theory ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Simple and Clarified Brand Association Image ၁ ခု ရုပ်လုံး အနည်းငယ် ပေါ်လာပါပြီ။ ဥပမာ အနေနဲ့ လူတိုင်း အလွယ်တကူမြင်နိုင် အောင် Apple Company ကို ဒီ theory framework ထဲမှာ ပြမယ်ဆိုရင် :
  • Business Strategy: Premium Tech Products + Ecosystem
  • Brand Identity: Innovation, Minimalist Design, Luxury Feel
  • Positioning: "Think Different"

ဒီလို အချက် တွေကို မြင်ရပါလိမ့်မယ်။ ဒါကတော့ Brand Strategy ရဲ့ Theory ကျတဲ့ Simple and Clarified Framework ၁ ခု ဖြစ်ပေမယ့် ဒီထက်ပိုပြီးတော့ ထူးခြားစေနိုင်တာက Complex Thinking မှာ Strategy ၁ ခုနဲ့ ၁ခု ဆက်စပ်တဲ့ အပိုင်းတွေမှာ အ ရေးကြီးတဲ့ Bonus point  တွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ဖို့ လိုပါသေးတယ်။ ဒါကတော့ 
  • Messaging : ကိုယ့် Brand ကို Targeted Audiences နားလည် အောင် ဘယ်လိုပြောမလဲ? (Tagline, Tone of Voice အစရှိတဲ့ အချက် တွေကို အ သေးစိတ် စဉ်းစားဖို့လိုပါတယ်။)
  • Go-To-Market (GTM) Strategy : မိမိ Company ရဲ့ Product ကို ဘယ်လိုမိတ်ဆက်မလဲ? (Go-Live, Launch Plan, Activation, Marketing Channels အစရှိတဲ့ Integrated Marketing Actions တွေကို ထည့်သွင်းစဉ်းစားထားဖို့ လိုပါမယ်။)
  • Customer Experience : မိမိ Company ရဲ့ Report Card (Results) အ နေနဲ့ Business Strategy မှာ အ ရေးကြီးဆုံး အပိုင်းဖြစ်တဲ့ Customers တွေရဲ့ အ တွေ့အကြုံ  အ နေဖြင့် ကိုယ်ဖန်တီးလိုက်တဲ့ အရာတိုင်းက သူတို့အတွက် ဘာ Values တွေ ဖြစ် စေနိုင်မလဲ ? (Service Quality, User Journey အစရှိတဲ့ အချက်အလက် တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။) 
ဒါကတော့ Fletch Theory အရ ပြီးပြည့်စုံတဲ့ Apple Company ရဲ့  Brand Strategy ကို ဖော်ဆောင် ထားခြင်းပဲဖြစ်ပါတယ်။ 



ဒီတော့ Summary အနေနဲ့ဆိုရင် Brand Messaging အပိုင်းမှာ က ကိုယ့်ရဲ့ Targeted Audiences ကို ဘာပေးချင်တာလဲဆိုတာက Brand Identity + Positioning Strategy ပေါ်မူတည်သလို Go-to-Market ဖြစ်ဖို့ဆိုရင် Business Strategy + Positioning Strategy ကို အသေးစိတ် ပြင်ဆင်ထားဖို့ လိုအပ်ပါမယ်။ ဒါမှသာ Customers Experiences ကောင်း ၁ ခု ဖြစ်လာနိင်မှာဖြစ်ပြီး ဒီလိုဖြစ်လာဖို့အတွက်လည်း Business Strategy + Brand Identity ကို Align လုပ်ထားနိုင်ဖို့ လိုပါမယ်။ ဒါမှသာ ပြီးပြည့်စုံတဲ့ Brand Strategy ၁ ခု ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Conlcusion and Key Takeaways


အနှစ်ချုပ် အနေနဲ့ဆိုရင် Fletch Theory က Business Strategy, Brand Identity, နဲ့ Positioning Strategy တို့ကို တစ်ပြေးညီဖြစ်အောင် ညှိပေးတဲ့ Framework တစ်ခုပါ။ ဒီသုံးခုကို မှန်ကန်စွာချိန်ညှိပြီး Messaging, GTM, Customer Experience တို့နဲ့ပါ ချိတ်ဆက်နိုင်ရင် Brand တစ်ခုအောင်မြင်ဖို့ အခွင့်အလမ်းများပါတယ်။ ဒါကတော့ ကျွန်တော်လုပ်ခဲ့ဖူးတဲ့ Khit Zay Ecommerce Fashion and Lifestyle Business အတွက် Fletch Theory ရဲ့ Brand Strategy အရ တကယ်လည်း Implement လုပ်ခဲ့ဖူးတဲ့ Summarized Strategy လေးတွေကို အနည်းချုပ်ပြီး ဥပမာလေး ပေးပေးထားတာပါ။ အားလုံးပဲ အသုံးတည့်ကြပါစေ။





Comments

Popular posts from this blog

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၁)

📣 စကားပြောသော Data များ [Data Dashboard to Storytelling Improvement]

Digital Marketing Plan တစ်ခုဆွဲ ဖို့ ဘာတွေလိုမလဲ ? [ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၃)]