Traditional Marketer Vs Full-Stack AI Marketer !

AI တတ်တဲ့ Full-Stack Marketer တစ်ဦးဟာသင့်အဖွဲ့အစည်းအတွက် ဘာလို့ အရေးကြီးလာတာလဲ?


ယနေ့ Digital Marketing အခန်းကဏ္ဍမှာ ပြောင်းလဲမှုကြီးတွေဖြစ်နေပါတယ်။ AI tools တွေနဲ့ Martech ပိုင်းတွေတိုးတက်လာတာကြောင့် အလုပ်ရှင်အနေနဲ့ သတိထားဖို့အရေးကြီးတာတစ်ခုကတော့ Traditional Marketers တွေ ထက် AI အသုံးပြုပြီး Strategy, Creation, Data, Ops အားလုံးကောင်းစွာထိန်းချုပ်နိုင်တဲ့ Full-Stack AI Marketer တစ်ဦးရဖို့လိုနေပြီဆိုတာပါပဲ။


Highly Productive ဖြစ်တဲ့ Marketer တစ်ဦး ရဲ့ နောက်ကွယ်မှာ AI တွေ ရှိနေတယ်

☝ Traditional marketer တော်တော်များများက Campaign တစ်ခု run ဖို့ ၇-၁၀ ရက်ကြာလောက်ပြင်ဆင်ရတယ်။ Report Data တော်တော် များများကို မနက်တိုင်း Excel မှာထုတ် ပြန် clean လုပ် Presentation တွေပြင်ကြတယ်။ Visual တွေကို ပြင်ဖို့ လည်း Graphic Designer ကိုစောင့်ရ၊ လိုအပ်တဲ့ အတိုင်း မရလာ တွေကိုလည်း ပြန်ပြင်ရသလို  Content အတွက် Copy တွေ ကို လည်း အချိန်ပေး အာရုံစိုက်ဖို့လိုအပ်ပြန်ပါသေးတယ်။ 

🤖 ဒါပေမယ့်  Full-Stack AI Marketer တစ်ဦးကတော့

➡️ AI Tools (e.g. ChatGPT, Canva Magic, Google Ads AI, Notion AI) ကိုအသုံးပြုပြီး

➡️ အချိန်ပေးရမယ့် repetitive tasks ကို automate လုပ်တယ်

➡️ ပိုပြီး strategy, creative, campaign ROI ပိုင်းမှာအာရုံစိုက်တယ်

ဒါကြောင့်မို့ ထွက်ရှိလာတဲ့ Marketing Results ကလည်း ငွေကုန်တာနည်းပြီး impact ကြီးတာကြောင့် ပိုပြီး အကျိုးရှိလာနိုင်တယ်။

Data Driven Decision ကို အပြည့်အဝ အသုံးချနိုင်သူ


☝ Traditional marketer များစွာက ရလာတဲ့ campaign data တွေကို ဘယ်တော့မှ action-oriented plan မဖြစ်တတ်ကြပါဘူး။ ဘာကြောင့်ခဲဆိုတော့ ဒီ Data တွေကို ပဲ ရှာဖွေရင်း တိုင်းတာရင်းနဲ့ အချိန် တွေ ကုန်ဆုံးသွားကြလို့ပါပဲ။ 

 🤖  Full Stack AI marketer တစ်ဦးကတော့

➡️ Looker Studio, Power BI တို့သုံးပြီး performance breakdowns တွေကိုလေ့လာတယ်

➡️ Campaign performance ကို AI dashboard မှာ သုံးသပ်တယ်

➡️ Retargeting logic, A/B Testing Result, Budget Allocation အထိ ဆုံးဖြတ်ချက် တွေကို တိကျစွာ ပေးနိုင်တယ်

Data-driven marketer တစ်ဦးဟာ Strategy ရေးဖို့သာမက Leadership Role အတွက် ပိုပြီး အချိန်ပေးလာနိုင်တာကြောင့် အခြားသူတွေထက် ပိုတိုးလာနိုင်ပါတယ်။

Speed of Information into Actions (ဖြတ်ကနဲပေါ် ဆတ်ခနဲလုပ် 😅)။

☝ Traditional Marketer ၁ ယောက် က Data တွေ ရှိပြင်ဆင် နေရတာနဲ့ Action လုပ်ဖို့နောက်ကျ နေတာကြောင့် Sales တွေ လျော့တယ် (Opportunities loss)၊  Competitior က Campaign လုပ်သွားပြီ (Competitors won)၊ Customer စိတ်ဝင်စားမှု တွေ ကျသွားတယ် (Customers loss) အစရှိတဲ့ Action နှောင့်နှေးမှုကြောင့် ဆုံးရှုံးခြင်းတွေ ဖြစ်သွားနိုင်ပါတယ်။

 🤖  Full-Stack AI Marketer တစ်ဦးကတော့

➡️ Campaign Launch Time ကို ပုံမှန် Marketer ၅ ရက်  အချိန်ပေးရရင် ၁ ရက်လောက်နဲ့ တောင်ဖြတ်နိုင်တယ်။

➡️ Copy, Visual, Targeting ကို AI နဲ့ ထုတ်တယ်

➡️ Performance ကို Real-Time Monitor လုပ်တယ်

ဒါကြောင့် ဒီလူတွေက သင့် Business အတွက် တုန့်ပြန်မှုမြန်တဲ့ Marketing Team တစ်ခု အဖြစ်ပြောင်းလဲလာနိုင်ပါတယ်။

ငွေကုန်သက်သာ ဒါပေမယ့် ROI မြင်သာလာတယ်။ 

☝ Traditional Marketing team တွေမှာက Data R&D, Operational tasks တွေ အတွက်အ ချိန်အသုံးပြုမှုများတာကြောင့် Efficiency နည်း၊ A/B Testing အတွက် တိကျတဲ့ results မရှိ၊ Content တစ်ခုကို အစအဆုံး scratch ကနေ ရေးရရတာကြောင့် အချိန်ပိုကုန် တာတွေ ဖြစ်နိုင်ပါတယ်။

 🤖 Full-Stack AI marketer တစ်ဦးကတော့

➡️ အလုပ်တစ်ခုကို AI နဲ့ Idea scratches တွေကို organize လုပ်တယ်။ 

➡️ Test result, Customer Insight တွေထဲက လုပ်ဆောင်ချက် နဲ့ အကျိုးသက် ရောက်မှုတွေကို ချက်ချင်းပြန်ယူတယ်

➡️ Budget တွေကို Usages monitor ကောင်းမွန်စွာလုပ်နိုင်ပြီး Optimization နဲ့ ROI ထိန်းတယ်

ဒီအချက် တွေ ကြောင့် Marketing Efficiency တွေ ပိုကောင်းလာပြီး သိသာထင်ရှားတဲ့ ROI Results တွေကို တွေ့မြင်လာနိုင်ပါတယ်။ 


Top Talent တွေက AI အခြေခံတည်ဆောက်မှုကနေ ဖြစ်လာတာ။

🤖 AI တွေကို အသုံးပြုတတ်တဲ့ marketer တစ်ဦး အ နေနဲ့ အနာဂတ် အချိန်တိုအတွင်းမှာပဲ 

➡️ Technical Knowledge

➡️ Creative Thinking

➡️ Strategic Mindset

တွေကို တည်ဆောက်လာနိုင်ပြီး ပုံမှန် လုပ်ငန်း ရလဒ် တွေထက် 2X to 4X လောက် ထိ Productive Results တွေကို တွေ့မြင်နိုင်ပါတယ်။ 

Conclusion

အနှစ်ချုပ် အနေနဲ့ ပြောရရင် ဒီလိုပြောလို့လည်း Traditional Marketer တွေက တုံးတယ်လို့ ဆိုလိုတာမျိုး မဟုတ်ရဘဲ Full-Stack AI Marketer တွေက Traditional သမား အများစုပေးခဲ့ ရတဲ့ နုံကြေးတွေကို Avoid and Optimize လုပ်လာနိုင်ပြီး အချိန်တို အတွင်း ပိုတိုးတက်မှုတွေကို ရလာနိုင်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါ့ပြင် လူတော်တော်များများပြောကြတာက AI တွေက လူတွေကို အစားထိုးလာကြပြီလို့ ပြောတာတွေထက် AI ကို အသုံးပြုနိုင်တဲ့ သူတွေက AI ကို အသုံးမပြုနိုင်တဲ့သူတွေ နေရာကို အစားထိုးလာကြပြီလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။ 

AI သည် မိမိ Talent တွေကို တည်ဆောက်တဲ့ နေရာမှာ 2nd Brain အနေနဲ့ ကောင်းမွန်စွာ အသုံးချလာနိုင်ရင် သူအခြားသူတွေရဲ့ Learning curve တွေထက် များစွာ Shorten လုပ်နိုင်လာမှာ ဖြစ်ပြီး Productivity တွေကိုလည်း 2X to 4X လောက် ထိ မြှင့်တင် ပေးလာနိုင်မှာဖြစ်ပါတယ်။ 

ဒါကြောင့်မို့ ယ နေ့ ခေတ် တိုးတက် နေတဲ့ အချိန်ကာလကြီးမှာ မိမိ အတွက် တိုးတက်နိုင်မယ့် AI တွေကို လေ့လာ ပြီးတော့ ရလဒ် ကောင်းတွေပို ဖန်တီးနိုင်တဲ့ သူများ ဖြစ်ကြပါစေ။


References : Inspired from Pierre Herubel


Comments

Popular posts from this blog

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၁)

Digital Marketing Plan တစ်ခုဆွဲ ဖို့ ဘာတွေလိုမလဲ ? [ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၃)]

📣 စကားပြောသော Data များ [Data Dashboard to Storytelling Improvement]