90% Emotion, 10% Logic : The Hidden Brain Functions

 

အိမ်က စာအုပ်တွေရှင်းနေတုန်း Brainfluence by Roger Dooley စာအုပ်လေး တွေ့တော့ ပြန်ဖတ်မိရင်း Neuromarketing အကြောင်းလေး နည်းနည်းပြန်စဉ်းစားမိသွားတယ်။ ဒါနဲ့ပဲ ဒီ Blog content လေး ရေးဖြစ်သွားတယ်ဆိုပါတော့။ 

“တခါတလေ Shopping သွားတဲ့အခါ ကို့ယ်အတွက် အရေးကြီး (သို့) တကယ်လိုအပ်တာလည်း မဟုတ်ဘဲနဲ့ ဝယ်မိဖူးလား ?”  “အဲလို ဝယ်ပြီးတဲ့အခါကျ ငါဒါကို ဘာလို့ ဝယ်မိတာလဲ သေချာ ပြန်စဉ်းစားဖူးလား ?”

ဟုတ်ပါတယ် .. ဒါမျိုး ဖြစ်လေ့ ဖြစ်ထရှိတာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး 😅 ဒါက သင့် ဦးနှောက်ရဲ့ ရှုပ်ထွေးတဲ့ အလုပ်လုပ်ပုံတွေကြောင့်ပါ။ ဒီတိုင်းပြောရင် နည်းနည်း ရှုပ်ထွေးတယ်ပြောလို့ရပါတယ် 🧠 ဒါပေမယ့် ဒီစာထဲက key notes လေးတွေကို သေချာ learn လုပ်မိတဲ့အခါမှာ ဪ ဒါက ဒီလိုလား ဆိုပြီးတောင် ဖြစ်သွားတာကို တွေ့ရမှာပါ 😁


လူ ၁၀၀ မှာ 90% သော သူတွေက Emotional Thinking လို့ ခေါ်တဲ့ ခံစားမှု စိတ်စေရာ နောက်ကိုသာလိုက်ပြီး ဆုံးဖြတ်ချက်တွေ ချလေ့ ရှိကြတာဖြစ်ပြီး 10% လောက်ကသာ Rational Thinking လို့ ခေါ်တဲ့ ယုတ္တိဆန်တဲ့ ချင့်ချိန်သုံးသပ်နိုင်စွမ်းတွေကို လုပ်လေ့ရှိကြတယ်လို့ Neuroscience and Marketing Research တွေမှာ ဖော်ပြထားပါတယ်။ 

စာထဲမှာ ရေးထားတာက အလွယ်မှတ်ရရင် Mind stages တွေမှာ Unconscious (မသိစိတ်ကအလုပ်လုပ်တဲ့အချိန်), Subconscious (မသိတသိစိတ်က အလုပ်လုပ်တဲ့အချိန်) and Conscious (အသိစိတ်က အလုပ်လုပ်တဲ့အချိန်) ဆိုပြီး 3 key stages ရှိပါတယ်တဲ့။

အိုကေ ဒီတော့ 3 Key Stages က အကျဉ်းချုပ် ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားလဲ ဆိုတာ ကြည့်ရအောင်။

Unconscious Mind (Instant Emotion)

Emotional Value ကို အမြင့်ဆုံးနဲ့ စိတ်စေတဲ့အတိုင်း သင်ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ milliseconds အချိန်ပိုင်းလေးအတွင်းမှာပဲ မှော်ဆန်ဆန် ဆုံးဖြတ်ချက်ချမှု (သို့) Action ၁ ခုခုကို ပထမဦးဆုံး ကြုံတွေ့ရတဲ့ အာရုံ ၅ ပါး (အဆင်း၊ အနံ့၊ အရသာ၊ အကြား နဲ့ အမြင်) ရတဲ့အချိန်မှာပဲ Mindshare or Associate ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ဥပမာ ကျွန်တော့် အတွက်ဆို အမြင်ဖြစ်တဲ့ Color association က အမြန်ဆုံးလို့ မြင်တယ် .. အနီရောင်ဆို Ooredoo, အပြာရောင်ဆို Telenor ပဲ .. ထိုနည်းလည်းကောင်းပဲ Coca Cola တို့ Pepsi တို့ အရင်က TVC တွေ မှာ အဆုံးရောက်ရင် pop-sound (အအေးအမြုပ်ထတဲ့အသံ) လေးတွေက လူတွေရဲ့ future association တွေမှာ အဲလို အသံကြားတာနဲ့ အဲ Brand တွေကို Mindshare တန်းရစေတာပါပဲ။

Subconscious Mind (Past Experiences and Beliefs)

ဒီအပိုင်းလေးက ပိုချစ်ဖို့ကောင်းတယ်။ အမှတ်တရတွေ၊ ယုံကြည်မှုတွေ နဲ့ ယဉ်ကျေးမှု ထုံးတမ်းဓလေ့တွေကို လှုံ့ဆော်ပေးတဲ့ မသိတသိစိတ်လေးပါပဲ။ များသောအားဖြင့်တော့ Memories တွေကို Nostalgia effect ရအောင် လုပ်ပေးတာ ပိုများပါတယ်။

ဥပမာ Past Experiences နဲ့ ပတ်သက်ပြီး မြင်အောင်ပြောရရင် ဘယ်ချိန်ရောက်ရောက် သကြင်္န်မိုး (သို့) မျိုးကြော့မြိုင်ရဲ့ အမှတ်တရသကြင်္န် သီချင်းလေးတွေကြားတဲ့ အချိန်တိုင်း သကြင်္န်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေအကြုံလေးတွေကို ချက်ချင်း ပြန်တွေးမိပြီး ရင်ထဲနွေးသွားတယ်ဆိုတဲ့ ခံစားချက်လေးတွေ ရဖူးကြတယ် ဟုတ် ? ထိုနည်းတူပဲ YumYum ခေါက်ဆွဲပြုတ်လေးစားတဲ့ အချိန်တိုင်း ငယ်ဘဝက ဂိမ်းဆိုင်မှာ ချဉ်စပ်ကြက်ဥလေး စားပြီး ဂိမ်းဆော့နေတဲ့ပုံရိပ်လေးတွေ ပြန်ပေါ်လာတာမျိုး။ မိုးမိုးအေးအေးလေးမှာ ShinShin ကြာဇံပြုတ်စားတဲ့အချိန်တိုင်း အိမ်မှာ ရုပ်ရှင်လေးကြည့် ကြာဇံ လေးစားပြီး အေးဆေးနှပ်ရတဲ့ အချိန်လေးတွေ ကို သတိရမိတာမျိုး။

Conscious Mind (Logical Thinking)

ဒီအပိုင်းကတော့ စျေးနှုန်း၊ အရည်အသွေး နဲ့ အသုံးဝင်မှု အပိုင်းတွေကို နှိုင်းယှဉ်ချင့်ချိန်ပြီး ဆုံးဖြတ်ချက်ချတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Emotional Thinking ကသာ အရင်ဆုံးဖြတ်ချက်ချလေ့ရှိကြပြီး Logical Thinking က နောက်ကသာ လိုက်လေ့ရှိပါတယ်။ 😊

ဒီနေရာမှာ ကျွန်တော့်ရဲ့ အထူးအတွေ့အကြုံအနေနဲ့ အိမ်က မိန်းမ အကြောင်းလေးရေးပါမယ် 🤣 မိန်းမထုကြီးကတော့ ဝိုင်းရန်ရှာမှာတော့ မြင်ယောင်ပါတယိ။ မိန်းမတွေ စျေးထဲရောက်လို့ စျေးဝယ်ရင် သူတို့ လောက် Rational ဖြစ်တယ်ဆိုတာကို အလေးခိုး/မခိုး၊ လတ်မလတ် ဘယ်လိုတွေကြည့်ပြီး ဘယ်လို Logical ကျကျ ဆုံးဖြတ်ပြီးမှ ဝယ်တယ်လို့ ပြောလေ့ရှိပါတယ်။ ဒီတော့ အတွေ့အကြုံက ပထမဆိုင်နဲ့ ဒုတိယဆိုင် ၂ဆိုင်မှာ ကြက်သားဝယ်တဲ့ အချိန်  အလေးချိန်တူ အရောင်အဆင်းတူ ရေထိုးထားတာချင်းတူရင်တောင် စျေးတပတ် လှည့်ပတ်မေးမြန်းပြီး တတိယဆိုင်များရှိဦးမလား လိုက်ရှာတာမျိုး။ နောက်ဆုံးခြေကုန်လက်ပမ်းလည်းကျရော စိတ်ထဲကောင်းမယ်ထင်တဲ့ ဆီကပဲ Emotional Thinking ရဲ့ ခိုင်းစေမှုနဲ့ စိတ်ခံစားမှုပေါ်မူတည်ပြီးဝယ်သွားကြရတာပါပဲ။ 😅🤣 ဒီလိုပဲ မိန်းမ တော်တော်များများရဲ့ Buying Behavior တွေကလည်း ထိုနည်းလည်းကောင်းပါပဲ 🤣😂 ဆဲလို့ရပါပြီ။

ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ အဓိကပိုင်းက ခုမှ လာတာပါ။ ဒီ Mind Stages တွေကို အနုပညာဆန်ဆန် ဦးနှောက်က ရှုပ်ထွေးပွေလီကိစ္စရပ်အစုံအလင်ပေါ် တုန့်ပြန်တဲ့ ပုံစံတွေ အများကြီး ကို Research လုပ်ပြီး လေ့လာထားတဲ့  Science based Neuromarketing ဘာသာရပ်ပဲဖြစ်ပါတယ်။

Neuromarketing ရဲ့ အဓိက Powerful Techniques က အကျဉ်းချုပ်ပြောရရင် (၄) ပိုင်းရှိပါတယ်။

Color Psychology (အရောင်တွေနဲ့ ဆွဲဆောင်ခြင်း)

အနီရောင်ဆိုရင် လူတွေရဲ့ association မှာ တခုခုကို တွန်းအားပေးတဲ့ သဘောကို သက်ရောက်တာမျိုး။ ဥပမာ Discount ချတဲ့နေရာတွေနဲ့ Appetite ဖြစ်မှုကို လှုံ့ဆော်ပေးတာကြောင့် McDonald တို့ KFC တို့လို Food Brand တွေက Key Color အနေနဲ့ အသုံးချကြပါတယ်။

Story Telling (Heart-touching or Warming ဖြစ်စေအောင် ဆွဲဆောင်ခြင်း)

ဒါက Brand တော်တော်များများက ရင်ကိုထိစေမဲ့ ကြော်ငြာ video တွေ ဖန်တီးကြတာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဥပမာ 2021 တုန်းက Metlife insurance ရဲ့ “My Dad is a Liar” TVC မှာ ဒီခံစားချက်ကို အပြည့်အဝတွေ့ရမှာဖြစ်ပါတယ်။

FOMO (Fear of Missing Out) (အခွင့်အရေးတစ်ခုခုကို လွတ်သွားဆုံးရှုံးရမှာ ကြောက်သည့် အပေါ်ဆွဲဆောင်ခြင်း)

Limited Time Offer (သို့) အချိန်အပိုင်းအခြားလေး တခုမှာပဲ ရမည့် အခွင့်ရေးမျိုးဖြစ်အောင်ဖန်တီးလုပ်ယူခြင်း။ ဒါကို အချို့က Limited Edition တွေ Launch လုပ်တဲ့ အချိန်မှာ အသုံးပြုသလိုမျိုး အချို့ကလည်း Flash Sale Promo လိုမျိုးတွေမှာ သုံးကြပါတယ်။

Nostalgia Triggers (တနုံ့နုံ့ပြန်တွေးရင်ထဲနွေးနေအောင် ဆွဲဆောင်ခြင်း)

အပေါ်မှာရှင်းပြထားတဲ့ Subconscious Mind stage ကို အဓိက အမှတ်တရများနဲ့ ပြန်လည် အမှတ်ရစေအောင် ပြုလုပ်တဲ့နေရာမှာ အသုံးချကြတာများပါတယ်။ ဥပမာ ဘယ်နိုင်ငံရောက်ရောက် မြန်မာ မုန့်ဟင်းခါးစစ်စစ်လေးစားလိုက်ရတဲ့ အချိန်မှာ မြန်မာပြည်မှာ ရှိနေတဲ့ အချိိန်တွေကို သတိရလွမ်းဆွတ်စေတာမျိုး တွေ ဖြစ်အောင် Food Brand တွေက လုပ်ယူတဲ့နေရာမှာ သုံးကြပါတယ်။

Conclusion

Tips of Emotionally Intelligent Marketing အနေနဲ့ 

၁။ ခံစားမှုတွေနဲ့ စတင်ပါ။ (စိတ်ခံစားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ စာသား၊ Image၊ Music အစရှိတာတွေကို အသုံးပြုပါ။)

၂။ အမှတ်တရတွေ ချိတ်ဆက်မိပါစေ။ (အပေါ်မှာပြောထားတဲ့ Nostalgia effect ကို ရရှိနိုင်မယ့် values တွေကို ဖန်တီးပါ။)

၃။ စစ်မှန်မှုကို ခံစားမိပါစေ။ (Trust က Long-term အတွက် ဖြစ်တာကြောင့် Consistent ရှိပြီး လူသားဆန်တဲ့ activities တွေကိုသာ စီစဉ်ပါ။ Overly polished or Too Imaginary လိုမျိုး လုပ်ယူမှု တခုလို့ မမြင်ပါစေနဲ့။)

၄။ ပစ္စည်းတွေ ရောင်းမယ့် အစား အတွေ့အကြုံကောင်းတွေကိုသာရောင်းပါ။ (ဥပမာ အသုံးပြုဖို့ Handbag ရောင်းတာထက် သူမရဲ့ ကျက်သရေရှိတဲ့ အခိုက်အတန့်လေးတခုကို ဖန်တီးပေးနိုင်မယ့် ပစ္စည်းလေး တခုအဖြစ်ရောင်းချပေးပါ)။

Final Thought အနေနဲ့ Maya Angelou (American Memoirist & Poet) ရဲ့ “လူတွေက မင်းဘာတွေပြောခဲ့လဲဆိုတာ မမှတ်မိကြဘူး။ မင်းသူတို့ပေါ် လုပ်ခဲ့တဲ့ အပြုမှုတွေကသာ မင်းကို အမြဲ အမှတ်ရစေမှာ ဖြစ်ပါတယ်” ဆိုသလို Brand and Business တွေကလည်း မိမိတို့ ဖန်တီးသော Marketing အနုပညာတိုင်းသည် Audiences အတွက် Emotionally Connect ဖြစ်မှသာ အောင်မြင်မှုတွေကို ရေရှည် ထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်။ အားလုံးပဲ အသုံးတည့်ကြပါစေ။



Comments

Popular posts from this blog

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၁)

Digital Marketing Plan တစ်ခုဆွဲ ဖို့ ဘာတွေလိုမလဲ ? [ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၃)]

📣 စကားပြောသော Data များ [Data Dashboard to Storytelling Improvement]