ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၂)

Digital Marketing နောက်ကြောင်းလေးကို နည်းနည်းလောက် ပြန်လည် တူးဖော်ကြည့်ရအောင်။ Digital Marketing ရယ်လို့ စတင်ခေါ်ဝေါ်သုံးစွဲခဲ့တာက SoftAd Group (ခု ChannelNet) လို့ ခေါ်တဲ့ Advertising Campaigns နှင့် Automobile Company က စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာဒီအခေါ်အဝေါ်ကို စတင်သုံးစွဲခဲ့ တယ်ဆိုပေမယ့် ၁၉၈၀ နှစ်လယ်ပိုင်း လောက်က တည်းက လူတွေနဲ့ သိပ်မစိမ်းဘူးလို့တော့ပြောလို့ ရပါတယ်။
UK မှာရှိတဲ့ Retailers တွေရဲ့ Web-Domain Address တွေက Register လုပ်ထားခြင်းတောင် မရှိဘူးလို့ ၂၀၀၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရသိရှိခဲ့ပါတယ်။ ဒီလိုနဲ့ Digital Devices တွေ ကလည်း ခေတ်တွေ ပြောင်းလာတာနှင့် အမျှ တဖြေးဖြေးနဲ့ တိုးတက်မှုရှိလာခဲ့ပြီး လူတွေက Digital Marketing ကို ၂၀၁၀ ခုနှစ်မှာ ပိုမို ကျွမ်းဝင်လာခဲ့ပါတယ်။ ၂၀၁၂ နှင့် ၂၀၁၃ မှာတော့ Digital Marketing ဟာ တိုးတက်မှု အမြန်ဆုံးနှုန်းရယ်လို့ စာရင်းအတိအကျကို Worldwide Report အဖြစ် စတင်ထုတ်ပြန်ခဲ့ပါတယ်။
Digital Marketing ကို အပိုင်း-၁ တုန်းကပြောခဲ့တဲ့ Data-Driven Marketing အပြင် အလွယ်အနေနဲ့ ခေါ်ဝေါ် တာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ Online Marketing, Internet Marketing နှင့် Web Marketing ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။ Digital Marketing ကိုတော့ USA မှာ Online Marketing ဆိုတဲ့ အသုံးအနှုန်းဖြင့် လက်ရှိ ချိန်ထိ သုံးနေကျသေးတာကို တွေ့ရပါတယ်။ Italy မှာဆိုရင် Web Marketing လို့ လူသိများပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီချိန်မှာတော့ UK အပါအဝင် တစ်ကမ္ဘာလုံးမှာ Digital Marketing လို့ ပြောရင် မသိသူ ရာခိုင်နှုန်း အနည်းငယ်သာ ကျန်ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ၂၀၁၀ ခုှနှစ်မှာ Digital Media တိုးတက်မှုက 48% နှင့် ၂၀၀၀ ခုနှစ်များ ထက် ပိုမိုတိုးတက်လာပြီး Digital ကြော်ငြာ အရေအတွက်များက 4.5 Trillion လောက်ထိ တစ်ကမ္ဘာလုံး အတိုင်း အတာ အနေ ဖြင့် တိုးတက်လာပါတယ်။
နောက်ရက်တွေမှာတော့ Evolutionary တွေက ပျင်းစရာကောင်းသွားမှာကြောင့် ဒီလောက်လေးပဲ ပြောပြီး လက်ရှိ Infrastructure ပေါ်အခြေခံတဲ့ အတွေ့အကြုံ နဲ့ အသုံးဝင်တဲ့ Tools လေး တွေ Theory တွေကို ပြန်လည်မျှဝေပေးသွားပါမယ်။ ဆက်လက်ပြီး အားပေးပါဦးနော်။
Comments
Post a Comment