Strategy Pyramid အကြောင်းသိကောင်းစရာ

🎯 Strategy Pyramid ဆိုတာ ဘာလဲ? အလုပ်လုပ်တဲ့အခါ မည်သည့်အဖွဲ့အစည်းမှာမဆို – သူတို့ရဲ့ ရည်ရွယ်ချက် (Purpose) မှစပြီး၊ ကြံစည်ချက် (Strategy) ၊ နောက်ဆုံးတော့ အကောင်အထည်ဖော်မှု (Execution) အထိ တစ်လုံးတည်းအဖြစ် လုပ်ဆောင်ဖို့လိုပါတယ်။ ဒီပုံကတော့ နိုင်ငံရေးသိပ္ပံပညာရှင် Wendy McGuiness ရေးသားခဲ့တဲ့ Strategy Pyramid ဖြစ်ပြီး၊ တကယ်လို့ strategy တစ်ခုကို တိကျတဲ့ Execution တွေ ပြုလုပ်ချင်ရင် ဘယ်လိုအဆင့်အတိုင်းသွားသင့်လဲဆိုတာ ဖော်ပြထားတာပါ။ 🔝 Purpose – ရည်ရွယ်ချက်အဆင့် ☝ Mission – ဘာအတွက် ရှိနေကြတာလဲ? ဥပမာ – “စားသုံးသူတွေ အတွက် နေ့စဉ် ခက်ခဲ နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့လား ? ဒါမှမဟုတ် သူတို့ ဘ၀ တွေကို ဒီထက် ပိုပြီး မြှင့်တင်ပေးနိုင်ဖို့လား ? အစရှိတဲ့ လုပ်ဆောင် ပေးမယ့် အချက်တွေ ပါဝင်ပါတယ်။” ☝ Values – ဘာတွေက ကျွန်တော်တို့အတွက် အရေးကြီးလဲ? ဥပမာ – Empathy စာနာနားလည် ပေးမှု၊ Responsibility တာဝန်ခံမှု၊ Customer Focus စားသုံးသူတွေ အတွက် အဓိက အစရှိသလို core values တွေပါ။ ☝ Vision – မျှော်မှန်းချက်ဘာလဲ? မျှော်မှန်းတဲ့အနာဂတ်ပုံရိပ်ကို ရှင်းရှင်းလင်းလင်းရေးဖို့လိုတယ်။ ဥပမာ – "၂၀၃၀ မှာ မြန်...