Digital Marketing Plan တစ်ခုဆွဲ ဖို့ ဘာတွေလိုမလဲ ? [ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၃)]
စာဖတ်ရှုသူ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်ရဲ့ Digital Marketing Sharing လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်တော့ စာနည်းနည်းရှည်မှာ ဖြစ်တဲ့ အတွက် ကြိုတင်ပြီး အကြောင်းကြားထားပါရစေ။
Digital Marketing ကို စတင်အသုံးချဖို့ဆိုရင် သင့်လုပ်ငန်းရဲ့ အမျိုးအစား၊ လက်ရှိပြည်တွင်းမှာ အသားပေး Digital Media (Situations Analysis)၊ Internet သုံးစွဲသူလူအများရဲ့ Behaviors၊ ကိုယ့်ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုနှုန်း (Competitors Analysis) နှင့် Digital Marketing ကြောင့် သင့်လုပ်ငန်းကို အကျိုးသက်ရောက်စေမယ့် အားသာချက် (Strengths)၊ အားနည်းချက် (Weakness) ၊ အခွင့်အလမ်း (Opportunities) နှင့် ခြိမ်းခြောက်မှုများ (Threats) တို့ိကို အရင်အဆုံး သိရှိထားဖို့တော့လို ပါမယ်။ ဒါ့အပြင် Company ရဲ့ Digital Marketing Strategy အတွက် သီးသန့်ချမှတ်ထားတဲ့ Vision, Mission and Goals တွေကိုလည်း သေချာ ရှင်းလင်းစွာ နားလည် ဖို့ ပြင်ဆင်ထားသင့်ပါတယ်။
အပေါ်က အကြောင်းအရာတွေ အပြင် Digital Marketing ကြောင့်ဖြစ်လာမယ့် Downside တွေကိုလည်း နားလည်သိရှိထား ဖို့တော့ လိုပါလိမ့်မယ်။ လုပ်ငန်းရှင်များအဖို့ သာမန် လူ သိများအောင် ကြော်ငြာလုပ်တဲ့ Pushing the awareness အမျိုးအစား ကို အသားပေးတဲ့ Digital Marketing Plan ကိုသာ အာရုံစိုက်ချင်းထက် ဝန်ထမ်း(၁) ယောက် သာမန်ရှာနိုင်တဲ့ နှုန်းက်၂ဆ ပိုမိုပြီး ဝင်ငွေ ပြန်လည် ရရှိ နိုင်မယ့် ကောင်းမွန်တဲ့ Digital Marketing Plan မျိုးသာ ဖြစ်သင့်ပါတယ်။
အားလုံးပဲ အောင်မြင်ကြပါစေ။ ဒီအပိုင်းလေးမှာ ပါတဲ့ အသေးစိတ် ဖော်ပြပေးရမယ့် အကြောင်းအရာလေးများ ကိုလည်း ခေါင်းစဉ်လေးတွေ ခွဲပြီးတော့ ပြန်လည် မျှဝေပေးသွားပါမယ်။ နောက်ထပ် နောက်ထပ် သော ခေါင်း စဉ်တွေကိုလည်း ကြိုးစားပြီး ရေးပေးသွားမှာ ဖြစ်တဲ့ အတွက် စောင့်မျှော် အားပေးကြပါဦးနော်။
Comments
Post a Comment