Posts

Showing posts from 2017

RACE, ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၅)

Image
ဒီတစ်ပတ်မှာတော့ Plan, Reach, Act, Convert, Engage ဆိုတဲ့ Framework အကြောင်းလေးပြောကြရအောင်။ Digital Marketer တော်တော်များများ မစိမ်းတဲ့ အကြောင်းအရာလေး တစ်ခုလို့ ထင်ပါတယ်။ ပြီးတော့ Digital Marketing  မှာ ဒီ RACE ကို Performance အဖြစ်လည်း တိုင်းတာနိုင်ပါသေးတယ်။ RACE Plan လေး တစ်ခုဖြစ်ဖို့ အရင်ဆုံးဘာတွေ လိုအပ်မလဲ ? လှည့်ပြောင်းရလွယ်ပြီး ဗျုဟာကျတဲ့ Digital Marketing Plan ဖြစ်ဖို့ အတွက် အရင်ဆုံး ကိုယ့် Audiences တွေက Online မှာ ဘာတွေလုပ်နေတယ်၊ သူတို့ ဘာတွေကို ကြိုက်တတ်လဲ ဆိုတဲ့ အကြောင်းအရာတွေကို အရင်ဆုံး သိရှိအောင် Analysis အရင်ဆုံး လုပ်ထားသင့်ပါတယ်။ ကျွန်တော်တို့ကတော့ ဒါတွေကို Contents တွေလို့ ခေါ်တာပေါ့။ Content Marketing ကိုတော့ ဒီနေရာမှာ အကျယ်တဝင့် မဖော်ပြပေမယ့် နောင် အလျင်းသင့်သလို ပြန်လည် မျှဝေပေးပါ့မယ်။ Content Marketing ကို Invest လုပ်ရာမှာ SMART KPIs တွေနဲ့ တိုင်းတာနိုင်ရပါမယ်။ ဒါမှသာ သင့် လုပ်ငန်းရဲ့ Digital Marketing Plan မှာ ယင်း Contents တွေက မည်မျှ အထောက်အကူဖြစ်စေလည်းဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ Contents တွေကို RACE ဖြင့် တိုင်းတာကြည့်ချင်းဖြင့် သင် စိုက်...

3i Principles , ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၄)

Image
ဒီ တစ်ပတ်တော့ အလုပ်ကလေးနည်းနည်း ရှုပ်သွားတာနဲ့ စာတောင် ကောင်းကောင်းမရေးဖြစ်ခဲ့လိုက်ဘူး။ ပြီးခဲ့တဲ့လက ဖတ်ထားတဲ့ The Art of Digital Marketing စာအုပ်ထဲက အရေးကြီး အကြောင်းအရာလေးတစ်ခု ဖြစ်တဲ့ 3i Principles အကြောင်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။ 3i Principles ဆိုတာဘာလဲ ? 3i Principles ဆိုတာ Initiate (အစပြုခြင်း)၊ Iterate (အကြိမ်ကြိမ်အဖန်ဖန် မွမ်းမံခြင်း) နှင့် Integrate (ပေါင်းစည်းခြင်း) တို့ကို စုပေါင်းဖွဲ့စည်းထားတဲ့ DMI Methodologies, Digital အစပြုခြင်း Methods များထဲမှာ Foundation ကောင်းဖြစ်ပြီး အောင်မြင်တဲ့ Marketing နည်းဗျုဟာတွေထဲကမှ အရေးကြီးတဲ့ သော့ချက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီ အချက်များက သင့်ရဲ့ Digital Marketing Plan အောင်မြင်ဖို့နဲ့ လေလွင့်ဆုံးရှုံးမှု နည်းအောင် အထောက်အပံ့ပေးပါတယ်။ Principle 1 : Initiate (အစပြုခြင်း) Marketer တစ်ယောက်အတွက် အဓိက အကြီးမားဆုံးသော စိန်ခေါ်မှုက တစ်ဖက်ပိတ် (one-way communication) နည်းစနစ်တွေ အသုံးမဝင်တော့မယ့် တစ်နေ့ပါ။ ဒါဆိုရင် Digital ဆိုတာကကော ဘာအတွက် ရပ်တည်တာလဲ နဲ့ Digital Marketing ဆိုတာ ဘယ်အတိုင်းအတာ အထိ အသုံးဝင်လဲဆိုတဲ့ မေးခွန်းတွေ လူတိုင်း...

Digital Marketing Plan တစ်ခုဆွဲ ဖို့ ဘာတွေလိုမလဲ ? [ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၃)]

Image
စာဖတ်ရှုသူ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်ရဲ့ Digital Marketing Sharing လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်တော့ စာနည်းနည်းရှည်မှာ ဖြစ်တဲ့ အတွက် ကြိုတင်ပြီး အကြောင်းကြားထားပါရစေ။ Digital Marketing ကို စတင်အသုံးချဖို့ဆိုရင် သင့်လုပ်ငန်းရဲ့ အမျိုးအစား၊ လက်ရှိပြည်တွင်းမှာ အသားပေး Digital Media (Situations Analysis)၊ Internet သုံးစွဲသူလူအများရဲ့ Behaviors၊ ကိုယ့်ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုနှုန်း (Competitors Analysis) နှင့် Digital Marketing ကြောင့် သင့်လုပ်ငန်းကို အကျိုးသက်ရောက်စေမယ့် အားသာချက် (Strengths)၊ အားနည်းချက် (Weakness) ၊ အခွင့်အလမ်း (Opportunities) နှင့် ခြိမ်းခြောက်မှုများ (Threats) တို့ိကို အရင်အဆုံး သိရှိထားဖို့တော့လို ပါမယ်။ ဒါ့အပြင် Company ရဲ့ Digital Marketing Strategy အတွက် သီးသန့်ချမှတ်ထားတဲ့ Vision, Mission and Goals တွေကိုလည်း သေချာ ရှင်းလင်းစွာ နားလည် ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ အပေါ်က အကြောင်းအရာတွေ အပြင် Digital Marketing ကြောင့်ဖြစ်လာမယ့် Downside တွေကိုလည်း နားလည်သိရှိထား ဖို့တော့ လိုပါလိမ့်မယ်။ လုပ်ငန်းရှင်များအဖို့ သာမန် လူ သိများအောင် ကြော်ငြာလုပ်တဲ...

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၂)

Image
Digital Marketing နောက်ကြောင်းလေးကို နည်းနည်းလောက် ပြန်လည် တူးဖော်ကြည့်ရအောင်။ Digital Marketing ရယ်လို့ စတင်ခေါ်ဝေါ်သုံးစွဲခဲ့တာက SoftAd Group (ခု ChannelNet) လို့ ခေါ်တဲ့ Advertising Campaigns နှင့် Automobile Company က စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာဒီအခေါ်အဝေါ်ကို စတင်သုံးစွဲခဲ့ တယ်ဆိုပေမယ့် ၁၉၈၀ နှစ်လယ်ပိုင်း လောက်က တည်းက လူတွေနဲ့ သိပ်မစိမ်းဘူးလို့တော့ပြောလို့ ရပါတယ်။ UK မှာရှိတဲ့ Retailers တွေရဲ့ Web-Domain Address တွေက Register လုပ်ထားခြင်းတောင် မရှိဘူးလို့ ၂၀၀၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရသိရှိခဲ့ပါတယ်။ ဒီလိုနဲ့ Digital Devices တွေ ကလည်း ခေတ်တွေ ပြောင်းလာတာနှင့် အမျှ တဖြေးဖြေးနဲ့ တိုးတက်မှုရှိလာခဲ့ပြီး လူတွေက Digital Marketing ကို ၂၀၁၀ ခုနှစ်မှာ ပိုမို ကျွမ်းဝင်လာခဲ့ပါတယ်။ ၂၀၁၂ နှင့် ၂၀၁၃ မှာတော့ Digital Marketing ဟာ တိုးတက်မှု အမြန်ဆုံးနှုန်းရယ်လို့ စာရင်းအတိအကျကို Worldwide Report အဖြစ် စတင်ထုတ်ပြန်ခဲ့ပါတယ်။ Digital Marketing ကို အပိုင်း-၁ တုန်းကပြောခဲ့တဲ့ Data-Driven Marketing အပြင် အလွယ်အနေနဲ့ ခေါ်ဝေါ် တာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ Online Marketing...

ကျွန်တော်လေ့လာမိသမျှ Digital Marketing (အပိုင်း-၁)

Image
Digital Marketing လို့ ယနေ့မှာ ခေတ်စားနေတဲ့ အသုံးအနှုန်းလေးတွေကို 2012-2013 မှ စပြီးတော့ ကျွန်တော် သတိထားမိလာပါတယ်။ ဒါကလည်း ကျွန်တော်က Creative Designer တစ်ယောက်အဖြစ်နဲ့ အသက်မွေး ဝမ်းကျောင်းပြုနေရင်းမှ ဒီ Career လေးကို Professionalize လုပ်ဖို့ စိတ်ဝင်စားမှု ရှိလာလို့ပါ။ ယခု အရေးအသားများကလည်း အတွေ့အကြုံနုနယ်သေးတဲအပြင် ယခု လေ့လာလိုက်စားမှုတွေပေါ်အခြေခံ ရေးသားထားတာကြောင့် အမှား (သို့) လိုအပ်ချက်များပါပါက နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ။ လိုအပ်သည်များကိုလည်း ပွင့်လင်းမြင်သာစွာ ဝေဖန်ပြီးတော့ အကြံပြုနိုင်ပါတယ်။ DIGITAL MARKETING Digital Marketing ရဲ့ မူလအရင်းအမြစ်ကို အကြမ်းဖျင်းအားဖြင့် အဓိပ္ပါယ် ဖွင့်ကြည့်မယ်ဆိုရင် Data-Driven Marketing လို့လည်း အချို့နိုင်ငံတွေမှာ သုံးစွဲကြပါသေးတယ်။ ဒါကတော့ Marketing ဆိုတဲ့ မဟာဗျုဟာမြောက်တဲ့ ဈေးကွက်စီးပွားရေး ချဲ့ထွင်မှုအောက်က Umbrella Term တစ်ခု အဖြစ် လူသိများ ခဲ့ကြတာ ဖြစ်ပါတယ်။ Digital Marketing ဆိုတာ လူအများရဲ့ Attention နှင့် Awareness ကို ရရှိနိုင်စေရန်အတွက် Internet ကို အခြေခံသော Products (သို့) Services များကို Digital Technologies နည...