Fletch's Theory အရ ပြီးပြည့်စုံတဲ့ Brand Strategy ၁ ခု ဘယ်လိုရေးမလဲ ?
%20(1).png)
Brand Strategy ၁ ခု ကို ရေးတော့မယ်ဆိုရင် Business Owner တိုင်း Marketer တိုင်းပြောလေ့ရှိကြတာက Brand ၁ ခုကို ဘယ်လို Build လုပ်ရင်ကောင်းမလဲဆိုတဲ့ How အချက်အလက် တွေသာပါတဲ့ Generic thinking ကနေ အများစုတွေးတောလေ့ ရှိကြတာများပါတယ်။ Theoritical Concept အရ ဘယ်လို နည်းလမ်းတွေက ပိုပြီးတော့ Learning Curve ကို လျှော့ချနိုင်ပြီး ပိုမိုထိရောက်လည်းဆိုတာလေးကို စည်းစနစ်ကျကျ ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ ဒီတော့ လုပ်ငန်းအများစုအတွက်အကျိုးရှိမယ်လို့ ယူဆရတဲ့ Fletch Theory ရဲ့ Brand Strategy Theory Framework လေး ၁ ခုကို အတူတူလေ့လာကြည့်ရအောင်။ Brand Strategy ၁ ခု ဖြစ်ဖို့ဆိုရင် Key Components အနေနဲ့က Business Strategy, Positioning Strategy နဲ့ Brand Identity Strategy ကို အသေးစိတ် ပြင်ဆင်ဖို့လိုပါတယ်။ ဒါကို ကျွန်တော်လုပ်ခဲ့ဖူးတဲ့ Business လေး ၁ ခုနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုလေး workout လုပ်လို့ ရတယ်ဆိုတာလေးကို sharing လေး လုပ်ပေးချင်ပါတယ်။ 1. Business Strategy (လုပ်ငန်းမဟာဗျူဟာ) Business Strategy ဆိုတာ ကုမ္ပဏီတစ်ခု ဘယ်လိုရပ်တည်မယ်၊ ဘယ်လိုဝင်ငွေရမယ်၊ ဘယ်လိုဈေးကွက်ထဲ ဝင်မယ်ဆိုတဲ့ အခြေခံအစီအစ...