လက်ရှိ အလုပ်မှာ မပျော်တော့ဘူးလား ?

မိတ်ဆွေ "အလုပ်ကြောင့်တော့ သင် စိတ်မညစ်မခံပါနဲ့ ...သင့်ကြောင့်သာ အလုပ်ကလူတွေ စိတ်ညစ်ပါစေ။" 😝 နောက်တာပါ အတည် ရေးပါ့မယ်။ မိတ်ဆွေ "သင့်ကိုယ်သင် ဒီမေးခွန်း မေးဖူးပါသလား ? ကိုယ်လုပ်နေရတဲ့ အလုပ်မှာ တကယ်ပျော်ရဲ့လား?" မလိမ်မညာတိုင်းဖြေကြည့်ပါဦး။ အဲလိုတွေ ဖြေတဲ့ အခါကျရင် ငွေကြေး အခက်အခဲ အရဖြစ် စေ၊ ယခုအ ခြေ နေ ထက်ပိုတိုးတက်လို၍ ဖြစ် စေ၊ အနာဂတ်ရည်ရွယ်ချက်တွေ ကြောင့်ပဲ ဖြစ်စေ ရည်ရွယ်ချက် တစ်ခု ကြောင့် ပျော်လည်းလုပ် မပျော်လည်းလုပ် နေရတဲ့ သူတွေကို ကျွန်တော် ကိုယ်တိုင် ဒုနဲ့ ဒေးနဲ့ တွေ့ကြုံခဲ့ရတာရယ်၊ ကျွန် တော် ကိုယ်တိုင်လည်း တစ် ယောက် အပါအဝင် ဖြစ် နေတာကြောင့် ကိုယ့်ကိုကိုယ် ဆန်းစစ်တဲ့ အ နေနဲ့ကော reflect လုပ်ရင်း နဲ့ ကော တိုက်ဆိုင်တဲ့ အ ခြေနေ ဖြစ်တဲ့ သူ အချို့ကို သုံးသပ်နိုင်ဖို့ ဒီ Article လေး နောက် ဆုံး တော့ ရေး ဖြစ်သွားခဲ့ပါတယ်။ "ဒီရက်ပိုင်း ကျွန် တော့်ကို လာတိုင် ပင်ကြတဲ့ ညီငယ်/ညီမငယ်တို့ က အခု အလုပ်မှာမပျော်ဘူး .. အလုပ်သစ်ရှာချင်တယ်၊ ဒါပေမယ့်လည်း ဒီ မှာ တော့ ခဏ မှေးလုပ်လိုက်ပါဦးမယ် အစရှိတဲ့ ထွက်တော့ ထွက်ချင်တယ် .. ဒါပေမယ့် ထွက်လည်း မထွက်ချင်သေးဘူး" ဆိုတဲ့ သူမျ...