Posts

Showing posts from August, 2025

ဘယ် Marketing Funnel Model က ဒီနေ့ ခေတ်မှာ အလုပ်ဖြစ်နေသေးလဲ ?

Image
ဒီရက်ပိုင်းအတွင်း စာလေးတွေ နည်းနည်း ပြန်လုပ်ဖြစ်ဖို့ အချိန်ရတော့ Consumer Behaviors နဲ့ ပတ်သက်ပြီး study လုပ်ဖြစ်တာလေးတွေ ရှိလာပါတယ်။ အရင်ကလုပ်ခဲ့ဖူးတဲ့ Theories တွေကို Brand Marketing မှာကော Ecommerce Marketing မှာပါ Applied လုပ်ထားဖူးတဲ့ Experiences တွေနဲ့ ပြန်ချင့်ချိန်ကြည့်တဲ့အခါမှာတော့ ပိုပြီးတိုးတက်ဖို့အတွက် စဉ်းစားစရာလေးတွေ ရလာခဲ့ပါတယ်။ ဒါနဲ့ပဲ Customer Journey Mapping ရဲ့ Interesting Part တခု ဖြစ်တဲ့ Marketing Funnel က Stages တွေကို ပြန်ပြီး collective sharing လေး အောက်ပါအတိုင်း လုပ်ပေးဖြစ်ခဲ့ပါတယ်။  Marketing Funnel Theories တွေကို ပြန်ကြည့်ရင် အသုံးအများဆုံးနဲ့ simple အဖြစ်ဆုံး Theories လေး ၅ ခု အ ကြောင်းကို ပြောပြပါ့မယ်။ ဒါတွေ နဲ့ပတ်သက်ပြီး ဘာတွေ ကွာလဲ ? ဘယ်လို အကျိုးသက် ရောက်မှု မျိုးတွေ ရှိလဲ ? အားသာချက် အားနည်းချက် နဲ့ အခြားအသုံးဝင်မှု အပိုင်းလေးတွေကို ဝေမျှပေးပါ့မယ်။  AIDA [Awareness or Attention, Interest, Desire, Action]  20 ရာစု အစော ပိုင်းလောက်ကထဲ က Formal Marketing Funnel ၁ ခု အဖြစ်လူသိများကြပြီး Elmo Lewis ရဲ့ Origin လို့လူသိများကြပါတယ်။ Elmo Lewis က ...